Ep 8

8.7K 1K 22
                                    

ကံကြမ္မာဆိုသည်မှာ သဘောကောင်းမယောင်နှင့် ရက်စက်တတ်သည်။ အထီးကျန်ခြောက်သွေ့လှသော သူ့ဘဝထဲသို့ ထယ်ယောင်းဆိုသော မိုးစက်လေးကို ဆောင်ကျဉ်းပေးခဲ့သည်။ သို့သော် အလှမ်းကွာဝေးခြင်း အဆင့်အတန်းဟူသောအရာအား စည်းခြားပေးပြန်သည်။

ခဏတဖြုတ်နီးစပ်ခွင့်လေးဖြင့် ထယ်ယောင်းနဲ့အတူ ကမ်းခြေသို့သွားခဲ့ကြပြီးနောက် ဒီနေ့မနက်မှာတော့ ရုံးခန်းအထိ လိုက်ပို့ပေးခဲ့ပြီး သူအိမ်ပြန်သို့ပြန်ခဲ့လိုက်သည်။
သူ့ရဲ့ မိဘမဲ့ဂေဟာဆီသို့ လမ်းလျှောက်ပြန်လာစဉ် နောက်နားဆီမှ အသံတခုနဲ့အတူ ဦးခေါင်းထက်ဆီက ဆစ်ခနဲ နာကျင်ရင်း မေ့မြောသွားခဲ့သည်။

ထို့နောက် ညစ်နွမ်းနေသော ကြမ်းပြင်ထက်မှာပြန်လည်သတိရလာခဲ့သည်။ မျက်စိရှေ့ကဝိုးတဝါးပုံရိပ်များကို အားယူကြည့်မိတော့ သူ့အားဝိုင်းရံထားကြသည့်လူများ။
တဆစ်ဆစ်ကိုက်ခဲနေသော ခေါင်းကို ဖိနှိပ်ရင်း ထလိုက်မိတော့ ရှေ့တည့်တည့်မှ ပုဂ္ဂိုလ်၏ တွန်းထိုးခြင်းကိုခံလိုက်ရသဖြင့် ပြန်လဲကျသွားရသည်။

" သတိရလာပြီပေါ့ ဟမ် "

" ခင်ဗျားတို့ က ဘယ်သူတွေလဲ "

" မင်းသိစရာမလိုဘူး … အဆင်မပြေတာလေးတွေတွေ့လို့ ဆုံးမတယ်သဘောထားလိုက် "

" ယောက်ျားဆို စကားကို ဒဲ့ပြောတတ်ရတယ် … ခင်ဗျားတို့နဲ့ ကျုပ် ဘာရန်စရှိလို့လဲ "

" ဆောရီးဘဲ ကောင်လေး , ကိုယ်တို့တွေနဲ့ရန်စရှိလို့တော့မဟုတ်ဘူး မင်းက ကိုယ့်နေရာကို မသိလို့ ငါတို့က ပြပေးမလို့ "

" … "

" မင်းလို မိမဲ့ဖမဲ့ တယောက်က ကိုယ့်အဆင့်အတန်းကိုမှမသိ … Hk ! သူဌေးကြီး စိတ်ဆိုးမယ်ဆိုလဲ ဆိုးလောက်တယ် "

" ကျုပ်က ဘာလုပ်မိလို့လဲ "

" မနေ့က မင်းဘာလုပ်ခဲ့လဲ "

" မနေ့က …… . ခင်ဗျားတို့ကို ဘယ်သူလွှတ်လိုက်တာလဲ ထယ်ယောင်း တော့ မဟုတ်လောက်ဘူး "

" အမတ်လောင်းက ဒါမျိုးကိစ္စတွေအတွက် အချိန်ကုန်ခံမှာ မဟုတ်ဘူး "

Complete (Completed)Where stories live. Discover now