59

16 1 0
                                    

အဆင်ပြေရဲ့လား လို့လည်း
စိတ်ကူးထဲမှာတောင် မမေးချင်တော့ဘူး
နင်ကတော့ အဆင်ပြေတယ် ဆိုပြီး
ပြုံးထားဦးမှာပဲလေ....
နင်နောက်ကျောမှာ
ဖြစ်ပေါ်နေဆဲ ဒဏ်ရာတွေကို
လျစ်လျူရှုပြီးတော့ပေါ့.....

ချစ်တယ်ဆိုတဲ့ စကားကိုလည်း
ယောင်လို့တောင်မရေရွတ်ရဲတော့ဘူး
နင်ပေးဆပ်ထားတာနဲ့ယှဉ်ရင်
ငါချစ်တာက သဲမှုန်လောက်တောင် မရှိလို့

ငါမမြင်နိုင်တဲ့ နင်ဖော်မပြတဲ့
တခြားကမ္ဘာတစ်ခြမ်းမှာ
နင်ခံစားနေရတဲ့
နာကျင်မှုတွေ
ဝမ်းနည်းမှုတွေ
ပူဆွေးသောကတွေ
ဆုံးရှုးံမှုတွေ
ကြေကွဲမှုတွေ
.
.
.
များစွာသော ဝေဒနာတွေကို
နှစ်သိမ့်မှုမပေးနိုင်ခဲ့ဘူးလေ

ငါပင်ပန်းတိုင်း စိတ်ဓာတ်ကျတိုင်း
နင်ရှိနေတာပဲ ဆိုတဲ့ စိတ်နဲ့ အားတင်းတယ်
နင်ပင်ပန်းချိန်ကျတော့ရော?????

#RestInPeace
#StayStrongBae

Pìeces Of FëêlïñgWhere stories live. Discover now