32

12 0 0
                                    

အချစ်ဆိုတဲ့အရာက
တစ်ခါတစ်လေ
လူကို....... ရူးသွပ်စေတယ်

ချစ်ပါတယ်

အဲ့စကားသံလေးကြားတိုင်း
အရူးတစ်ယောက်လိုပြုံးမိတယ်
သူချစ်ပါတယ် အော်သွားတဲ့လူတွေထဲမှာ
ငါပါတယ်ဆိုပြီး ......
တစ်ခါတစ်လေကျပြန်တော့
မျက်ရည်ကျလောက်အောင်
ဝမ်းနည်းမိတယ်
သူချစ်ပါတယ်ဆိုတာ ငါ့ကိုမှမဟုတ်တာ

သူ့စကားသံလေးတွေ
သူပြောင်နောက်နေတဲ့အသံလေးတွေ
မြင်မိကြားမိတိုင်းလည်း
အရူးတစ်ယောက်လိုပြုံးမိတယ်
တစ်ခါတစ်လေကျပြန်တော့
သူနဲ့မျက်နှာချင်းဆိုင်တွေ့ရင်တောင်
ချစ်ပါတယ် ဆိုတဲ့ စကားအပြင်
ပြောစရာမရှိဘူး မပြောတတ်ဘူးဆိုတာ
တွေးမိတော့ မျက်ရည်ကျရပြန်တယ်

Sasaeng fan တွေကြောင့်
သူစိတ်ရှုပ်ရတိုင်း
အဲ့ Sasaeng fan တွေကို သတ်ပစ်ချင်လောက်အောင် မုန်းပေမဲ့
တစ်ခါတစ်လေကျပြန်တော့
ငါသာဆိုရင် ဆိုပြီး ဝမ်းနည်းမိပြနိတယ်

အိပ်မက်တွေထဲမှာတောင်
တစ်ခါတစ်ရံများ သူအကြောင်းတွေ
အိပ်မက်ဆိုးအဖြစ်မက်ရင်တောင်
နောက်နေ့ ရင်ဘတ်တွေအောင့်လို့

ချစ်သူ ....
ပိုင်ဆိုင်ချင်တဲ့စိတ်ရှိသော်ငြား
ပိုင်ဆိုင်ရမှာလည်း ကြောက်တယ်
တစ်ခါတစ်ရံ
လက်လွှတ်ဖို့ တွေးပေမဲ့
လွတ်ထွက်သွားမှာလည်းကြောက်တယ်
မင်းမပါဝင်တဲ့ နေ့စွဲ တွေအကြောင်း
တွေးတောင်မတွေးရဲခဲ့ဘူး
ကိုယ်ဘယ်လောက်ကြိုးစားစွာ
မင်းဆီလှမ်းနေပေမဲ့
လိုက်လေ ပြေးလေ မင်းကဝေးဆဲ
မင်းအတွက်ရည်စူးထားပေမဲ့
ကိုယ်ပဲဖန်တီး ကိုယ်ပဲပိုင်ဆိုင်ထားရတဲ့
မနာလိုမှုတွေ
ဝမ်းနည်းမှုတွေ
နာကျည်းမှုတွေ
ဒေါသတွေ
ပျော်ရွှင်မှုတွေ
ရင်ခုန်သံတွေ
ကြည်နူးမှုတွေ
အချစ်တွေ
ကဗျာတွေ ...........
စတဲ့ ခံစားချက်ပေါင်းများစွာနဲ့
မင်းအတွက်အရာရာကိုဖြည့်ဆည်းပေးတုန်းပဲ
မင်းမသိနိုင်ပေမဲ့လည်းပေါ့ .

Pìeces Of FëêlïñgWhere stories live. Discover now