48

6 1 0
                                    

ချစ်ခြင်းတရားက ဘယ်လိုအရာလဲလို့
ကိုယ့်ကို လာမေးရင် ကိုယ်မဖြေတတ်ဘူး
ဒါပေမဲ့
မင်း မဟုတ်မှန်းသိတဲ့ ဖုန်းနံပါတ်တစ်ခု
နှိပ်ရင်း ကိုယ်ရင်တွေခုန်ခဲ့တယ်
ကိုင်မှာ မဟုတ်မှန်း သေချာသိနေရဲ့သားနဲ့.
မင်းအနားယူချိန်များဖြစ်နေမလားဆိုပြီး ဖုန်းကိုချပစ်ခဲ့တယ်
ကိုယ်နားလည်တဲ့ချစ်ခြင်းက မင်းရဲ့ပျော်ရွှင်မှုမှာ စတင်တယ် လို့ ကိုယ်ပြောရင် လူတိုငိးက ဟားတိုက်ရီကြတယ်.

Pìeces Of FëêlïñgWhere stories live. Discover now