53

10 0 0
                                    

ကိုယ် သေလောက်အောင် ချစ်တယ်ပြောလည်း
မယုံနဲ့ ကလေး
ကိုယ် ဒီထက်ပိုပြီး ထပ်မချစ်နိုင်တော့ဘူး ပြောလည်း
မယုံနဲ့ ကလေး
တိုက်ဆိုင်မှုရှိရင် ဒဏ်ရာတွေ က အသစ်တစ်ဖန် ပြန်စ တတ်လို့
ကံကြမ္မာ က အခွင့်ပေးခဲ့ရင်တောင် ကိုယ်မယုံရဲတော့ဘူး ကလေး
ကလေးကလည်း ဒီတိုင်း ကောင်းကင်ထက်မှာ တောက်ပနေပါ
ကိုယ်ကလည်း ကလေးကို ငေးကြည့်ရင်းပဲ တစ်ဘဝလုံးရှင်သန်သွားပါ့မယ်..
ဒါဟာ ကိုယ်ပေးနိုင်တဲ့ကတိပဲ ကလေး

ကိုယ်လည်း ကလေးမျက်နှာလေး ငေးပြီး ချစ်ပါတယ် လို့ အကြိမ်ကြိမ်အော်ပြောချင်တာပေါ့
ငွေရောင် တောက်ပနေတဲ့ Silver Ocean ကြီးထဲက အလင်းရောင်တစ်စိတ်တစ်ပိုင်း အဖြစ် ကလေးရဲ့ ပျော်ရွှင်မှုတွေကို မျှဝေခံစားချင်တာပေါ့
ဒါပေမဲ့ ကလေးရယ်.
လူဆိုတာ ကိုယ့်ဘဝကိုယ်သိရတယ်တဲ့.
အဲဒီထက် ပိုပြီး ကိုယ်လောဘတက်မိရင်............

ကလေးလည်း ကလေးဘဝနဲ့ ကောင်းကင်မှာ လင်းလက်စွာတောက်ပပါ
ကိုယ်ကလည်း ငေးကြည့်ရင်းပဲ ရှင်သန်ပါ့မယ်

#180303

Pìeces Of FëêlïñgWhere stories live. Discover now