မင်းသိလား
ဘယ်အရာကိုမဆို အနိုင်လိုချင်တဲ့ငါ....
မင်းနဲ့တွေ့မှ ရှုံးခြင်းကို ပိုင်ဆိုင်လာခဲ့တာမင်းသိလား
ဘယ်သူကိုမှကိုယ့်ကိုယ်ကိုထက် ပိုမချစ်ဘူးလို့ ကြွေးကြော်ခဲ့တဲ့ငါ.....
မင်းကို အရာရာထက် ပိုချစ်မိသွားခဲ့တာမင်းသိလား
တစ်စုံတစ်ရာကြောင့် ထိခိုက်နာကျင်ခဲ့ရင်တောင် မျက်ရည် မကျတတ်တဲ့ငါ.....
မင်းမျက်ရည်တွေကိုမြင်ရင် အရူးတစ်ယောက်လို ငိုတတ်ခဲ့တာမင်းသိလား
မင်းအပြုံးလေးကို မြင်ရုံနဲ့
ငါနှုတ်ခမ်းလေးတွေ ကွေးညွှတ်လာတတ်ခဲ့တာမင်းသိလား
မင်းပျော်ရွှင်နေရုံနဲ့
ငါဘဝကြီးပြီးပြည့်စုံခဲ့တာမင်းသိလား
မင်းကို ငေးကြည့်ခွင့်ရယုံလေးနဲ့
ငါကျေနပ်နေတာဘယ်တော့မှ သိလာမှာ မဟုတ်တဲ့ ငါ့အချစ်တွေကို မင်းအတွက်ပဲ ငါဖန်ဆင်းထားခဲ့တာ......
YOU ARE READING
Pìeces Of Fëêlïñg
Poésieမင်းဘေးနားမှာရှိနေဖို့ အခွင့်မရှိပေမဲ့့ နောက်လှည့်ကြည့်လိုက်တဲ့ အချိန်တိုင်း မင်းမသိတဲ့နေရာတစ်ခုက ငါ မင်းအတွက်အမြဲရှိနေတယ် ❤❤ ု