31

23 2 0
                                    

ကိုယ့်အတွက်နဲ့မင်းလင်းနေတာမဟုတ်ပေမဲ့လည်း
ကိုယ်ကတော့
မင်းအလင်းရောင်နဲ့လမ်းမပျောက်ခဲ့ပါဘူး Petrichor!!

ဘာမှမရှိတော့ဘူးဆိုရင်တောင်
မင်းတော့ရှိနေသေးတာပဲဆိုတဲ့စိတ်နဲ့ရှင်သန်တယ်။

ကိုယ် မင်းကိုမပိုင်ပေမဲ့
မင်းကတော့ကိုယ့်ကိုပိုင်တယ်။

ကိုယ့်နံရိုးတွေရဲ့ပိုင်ရှင်ဘယ်သူလဲလို့မေးလာခဲ့ရင် ကိုယ့်အဖြေကမင်းပဲဖြစ်မယ်။
မင်းနံရိုးတွေကတော့ ကိုယ်ပေါ့။
ရင်ထဲမှာတော့ ကိုယ်တို့နီးနီးလေးပဲနော်။

ပိုင်ရှင်ရှိပြီး
ပိုင်ရှင်ပျောက်နေတဲ့နံရိုးတွေရဲ့ငိုကြွေးသံကိုကြားလား Petrichor!!

တနေရာရာမှာ တစ်စုံတယောက်ကတော့
ငါ့ကိုမဖြစ်မနေစောင့်မျှော်နေမှာပဲဆိုပြီးတွေးမိဖူးလား။

စိတ်ကူးတွေထဲမှာ
ကိုယ့်ကိုအပြေးကလေးလာရှာဖူးသလား။

ကိုယ့်ကိုမတော်တဆလေးများ အိပ်မက်ဖူးသလား။

အိပ်မက်တွေကိုရောယုံသလား Petrichor!!

#ရစ်သန်

Pìeces Of FëêlïñgWhere stories live. Discover now