အဝေးကြီးကနေပဲ ချစ်တယ်လို့
ဟစ်ကြွေးခဲ့တယ်
အဝေးကြီးကနေပဲ လွမ်းတယ်လို့
အော်ငိုခဲ့ရတယ်
အဝေးကြီး ကနေပဲ
သဝန်တွေတိုခဲ့ရတယ်
အဝေးကြီးကနေပဲ
ရင်ဘတ်ချင်းတောင်မနီးပေမဲ့
ချစ်ခြင်းတရားတွေ ဖြစ်ပေါ်နိုင်ကြောင်း
ရူးမတတ် အောင် နာကျင်ရပါကြောင်း
လွမ်းတယ်လို့ ပြောတိုင်း
နှစ်သိမ့်ပေးမဲ့ ရင်ခွင်တစ်ခုမဆိုထားနှင့်
စကားတစ်ခွန်းတောင် မရရှိခဲ့ပေမဲ့
နေ့တိုင်း အချိန်တိုင်း လွမ်းမိနေပါကြောင်း
မင်းသိအောင် ကိုယ်ဘယ်လိုပြောပြရမလဲ
ကလေးရယ်
YOU ARE READING
Pìeces Of Fëêlïñg
Poesíaမင်းဘေးနားမှာရှိနေဖို့ အခွင့်မရှိပေမဲ့့ နောက်လှည့်ကြည့်လိုက်တဲ့ အချိန်တိုင်း မင်းမသိတဲ့နေရာတစ်ခုက ငါ မင်းအတွက်အမြဲရှိနေတယ် ❤❤ ု