တစ်နေ့နေ့ တစ်ချိန်ချိန်ပေါ့
ကိုယ်မင်းဘေးနားအရောက်
လှမ်းလာခဲ့ချိန်မှာလည်း
မင်းက နွေးထွေးစွာ
ရင်ဖွင့်ကြိုဆိုဖို့.......
ကိုယ့်မှာ အိပ်မက်မက်ခွင့်တောင် မရှိဘူးဆိုတာ.
လူဆိုတာ
နာကျင်မှုမှာ အသားကျသွားရင်
အဲ့နာကျင်မှုက
ရုန်းထွက်ဖို့ မတတ်နိုင်တော့ဘူးလားပဲ
ကိုယ်ဟာ နာကျင်မယ်မှန်းသိရဲ့သား
မင်းရှိရာအရပ်ကို မျက်နှာမူတုန်းပဲ
လက်ခံဖမ်းဆုပ်မဲ့ သူ မရှိမှန်းသိရဲ့သားနဲ့
ကိုယ် မေတ္တာတွေ ပို့လွှတ်တုန်းပဲ
ကိုယ်မေတ္တာနဲ့ မင်းအေးချမ်းပါစေကွယ်......
YOU ARE READING
Pìeces Of Fëêlïñg
Poesíaမင်းဘေးနားမှာရှိနေဖို့ အခွင့်မရှိပေမဲ့့ နောက်လှည့်ကြည့်လိုက်တဲ့ အချိန်တိုင်း မင်းမသိတဲ့နေရာတစ်ခုက ငါ မင်းအတွက်အမြဲရှိနေတယ် ❤❤ ု