ဘယ်တော့မှ မနီးစေရ ဆိုတဲ့ ကံကြမ္မာ နဲ့ မွေးဖွားလာခဲ့တာ ငယ်
ထားခဲ့တဲ့နေရာမှာပဲနေခဲ့တယ် ငယ်
လွမ်းလားဆိုတော့ လွမ်းတာပေါ့
ပြောခွင့်မရှိလို့ မပြောခဲ့ရုံလေးပါ
လွမ်းတိုင်းမော့ကြည့်မိတဲ့ ကောင်းကင်က
ကြယ်ဟာ မင်းလို့ မှတ်ယူထားတယ် ငယ်
ဘယ်အရပ်ကိုမှ ကြွေမကျစေချင်တာ
ကိုယ့်ဆုတောင်းပေါ့
YOU ARE READING
Pìeces Of Fëêlïñg
Poesiaမင်းဘေးနားမှာရှိနေဖို့ အခွင့်မရှိပေမဲ့့ နောက်လှည့်ကြည့်လိုက်တဲ့ အချိန်တိုင်း မင်းမသိတဲ့နေရာတစ်ခုက ငါ မင်းအတွက်အမြဲရှိနေတယ် ❤❤ ု