ကျွန်တော်တို့ကျောင်းအပေါ်ဆုံးထပ်ရဲ့ခေါင်မိုးပေါ်ရှိနေရောင်ခြည်စူးစူးအောက်မှာအကြည့်တွေကိုစူးရှစွာနဲ့တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြတယ်။
Kun ရဲ့လက်ထဲမှာကျွန်တော်တွေ့နေ၊မြင်နေကျရင်းနှီးနေတဲ့ dice phone keychain လေးကိုကိုင်ထားပြီးဟိုကောင်တွေကတော့မြေပြင်ထက်မှာလဲလျောင်းနေပြီဖြစ်တယ်။
Kun ပြောတဲ့စကားတွေက်ိုကျွန်တော်နားမလည်စွာနဲ့ကြည့်နေတော့သူ့ဘက်ကကျွန်တော့်ဆီလျှောက်လှမ်းလာတယ်။
"မင်းဘာလို့ငါ့နောက်လိုက်လာတာလဲ..?"
"တစ်ခုခုဖြစ်မှာစိုးလို့..."
"ငါဘာပဲဖြစ်ဖြစ်မင်းစိုးရိမ်စရာမလိုပါဘူး...ကိုယ့်ကိုကိုယ်သာအနိုင်ကျင့်မခံရအောင်နေစမ်းပါ.."
"...."
သူပြောလိုက်တဲ့စကားကြောင့်နှုတ်ဆိတ်သွားပေမယ့်ခေါင်းငုံ့ထားတဲ့ကျွန်တော့်မျက်နှာထက်ကမျက်ဝန်းအစုံဟာပြူးကျယ်သွားရတာတော့အမှန်ပဲ။
"အခုမင်းကိုနှိပ်စက်တဲ့ကောင်တွေမင်းရှေ့မှာပြားပြားဝပ်နေပြီလေ မင်းပျော်နေရမှာမဟုတ်ဖူးလား..??ဟမ်?"
"kun...မင်းဘာတွေပြောနေတာလဲ..?"
"မင်းကိုနေ့တိုင်းခိုင်းစားနေတဲ့ကောင်တွေကအခုမင်းရှေ့မှာပြားပြားဝပ်နေပြီလေ ငတုံးရ!!!"
"...."
Kun ကျွန်တော်တ်ို့ကျောင်းကိုစပြောင်းလာတာမကြာသေးဘူး။ လာခါစကလိုနူးညံ့ယဉ်ကျေးတဲ့ kun မဟုတ်ပဲခက်ထန်ကြမ်းတမ်းနေသလိုပဲ။ Kun မှဟုတ်ရဲ့လားတောင်ကိုယ့်ကိုကိုယ်မေးယူရတဲ့အထိ။
အချိန်လည်းနည်းနည်းလင့်လာပြီဖြစ်တာကြောင့် kun လက်ကိုဆွဲပြီးအပြင်ကိုခေါ်ထုတ်ခဲ့ရတော့တယ်။
အပြင်ရောက်တော့မှတစ်ကျောင်းလုံးရဲ့ wow ဆိုတဲ့အကြည့်တွေကိုအားရပါးရကြီးခံယူရလေရဲ့။
ကျွန်တော့်လိုခိုင်းဖက်ကဒီလိုရန်ပွဲထဲကနေ kun ကိုကယ်ထုတ်လာနိုင်မယ်လို့ဘယ်သူကထင်ထားမှာလဲ..?
နေ့တိုင်းလူတကာရဲ့အမျိုးမျိုးသောစေခိုင်းမှုတွေအောက်မှာကျွန်တော်ကဘာမှပြန်မပြောနိုင်ပဲလုပ်ပေးနေခဲ့ရတာ ဒီတစ်ခါလည်းကျွန်တော်သာသွားရင်ကျွန်တော်လည်းဒဏ်ရာတွေနဲ့ခံပြီးမှပြန်လာခဲ့ရမှာပဲလို့သူတို့စိတ်ထဲမှာထင်မယ်ဆိုတာကျွန်တော်တပ်အပ်ပြောရဲတယ်။

YOU ARE READING
DICE
Fanfictionဘဝကို game တစ်ခုလိုသာ restart လို့ရမယ်ဆိုရင်?dong si cheng ကကျောင်းမှာအမြဲအတန်းထဲကလူတွေရဲ့အနိုင်ကျင့်တာကိုခံရတယ် တစ်နေ့မှာကျောင်းသားအသစ်kunကသူ့ဘေးမှာထိုင်ပြီးသူ့ကို game တစ်ခုကစားဖို့ပြောတယ်....