ကျွန်တော်နဲ့ Kun ထိုkeychain လေးကိုလုနေကြချိန် Yuta gege အခန်းထဲဝင်လာတာကြောင့်နှစ်ယောက်လုံးအကြည့်တွေအားလုံးသူ့ဆီရောက်သွားကြတယ်။
ကျွန်တော်ကတော့အကြည့်တွေအပြင်စိတ်လှုပ်ရှားမှုတွေနဲ့ကြောက်ရွံ့မှုတွေပါရောထွေးနေတယ်။ Gege အထင်လွဲသွားမှာကြောက်တဲ့စိတ်ကနှလုံးသားတစ်နေရာမှာအစိတ်အပိုင်းတစ်ခုလိုချက်ချင်းနေရာယူသွားတယ်။
မာထန်တဲ့ gege ရဲ့မေးသံနောက်မှာ Kun လည်းကျွန်တော့်အပေါ်ကထသွားတယ်။ ကျွန်တော်လည်းချက်ချင်းထထိုင်လိုက်ပြီး gege ကိုရှင်းပြရန်ပြင်လိုက်တယ်။
"Yuta gege.."
"Kun နဲ့က..?"
"မဟုတ်ဖူး...gege ထင်သလိုမဟုတ်ဖူး.... ကျွန်တော်တို့က... ကျွန်တော်တို့က.... သူငယ်ချင်းတွေ..."
"အဲ့ဒါဆို...?"
"သူ့ phone keychain လေးကိုကျွန်တော်လုကြည့်မိလို့နှစ်ယောက်လုံးလဲကျသွားတာ..."
ကျွန်တော် Kun လက်ထဲက dice ပုံ keychain လေးကိုညွှန်ပြလိုက်ပြီးပြောလိုက်တော့ Yuta gege ယုံသွားဟန်ပေါ်တယ်။
ဒါပေမယ့်ကျွန်တော်ကတော့gege အထင်လွဲမှာစိုးလို့လိုချင်နေတဲ့ kun ရဲ့လျှို့ဝှက်ချက်ကိုမသိခဲ့ရပါဘူး။
"အဲ့ဒါဆိုပြန်ကြရအောင်လေ.."
"ဟုတ်.."
ကျွန်တော်နဲ့ kun အသံပြိုင်တူထွက်သွားတော့တစ်ယောက်နဲ့တစ်ယောက်ကြည့်မိကြတယ်။
Yuta gege ကလည်းကျွန်တော်တို့နှစ်ယောက်ကိုကြည့်နေတယ်။ ကျွန်တော်တို့ကတော့ဘာမှမပြောပဲလွယ်အိတ်တွေကောက်သိမ်းပြီး Gege ရှိရာတံခါးဝနားသို့ထွက်သွားလိုက်ကြတယ်။
ထို့နောက်နေဝင်ခါနီးအချိန်မှာကျွန်တော်တို့လမ်းဆုံတစ်နေရာတွင်လမ်းခွဲခဲ့ကြပြီးအိမ်အသီးသီးပြန်ရောက်ခဲ့ကြတယ်။
အိမ်ရောက်တော့မားကထုံးစံအတိုင်းပြန်မရောက်သေးဘူး။ တစ်နေကုန်အလုပ်လုပ်ပြီးကျွန်တော့်ကျောင်းစရိတ်အတွက်ရှာဖွေပေးနေရတဲ့မားကိုလည်းသနားမိတယ်။ မားပင်ပန်းလာတာတွေ့ရင်ကျွန်တော်လည်းထပ်တူပင်ပန်းရတယ်။ အဲ့ဒါကြောင့်ကျွန်တော့် lifestyle ကိုပြောင်းသင့်ပြီလို့ကျွန်တော်ထင်တယ်။ Part-time job တစ်ခုရှာပြီးမားကိုအိမ်မှာနားခိုင်းမှရမယ်။ မဟုတ်ရင်အလုပ်ပင်ပန်းလို့ပြန်လာတိုင်းသောက်လာတဲ့မားကျန်းမာရေးလည်းကြာရင်ထိခိုက်လာနိုင်တယ်။

YOU ARE READING
DICE
Fanfictionဘဝကို game တစ်ခုလိုသာ restart လို့ရမယ်ဆိုရင်?dong si cheng ကကျောင်းမှာအမြဲအတန်းထဲကလူတွေရဲ့အနိုင်ကျင့်တာကိုခံရတယ် တစ်နေ့မှာကျောင်းသားအသစ်kunကသူ့ဘေးမှာထိုင်ပြီးသူ့ကို game တစ်ခုကစားဖို့ပြောတယ်....