Stage 03

892 87 18
                                    

နာကျင်မှုကြားထဲကရုန်းကန်လာတဲ့မျက်လုံးအိမ်တွေကိုတစ်ဖြည်းဖြည်းအားတင်းပြီးဖွင့်လိုက်တယ်။

မျက်ခွံတွေတစ်ဖြည်းဖြည်းပွင့်လာတဲ့အချိန်မြင်လိုက်ရတာကမီးရောင်မှိန်မှိန်နဲ့အပြာရောင်လိုက်ကာတွေကာထားတဲ့ကျောင်းဆေးရုံထဲမှာရောက်နေတာဖြစ်ကြောင်းသိလိုက်ရတယ်။

ကျွန်တော်ဘေးဘီကိုကြည့်လိုက်တော့တစ်ယောက်မှရှိမနေပဲတစ်ခန်းလုံးမှာကျွန်တော်တစ်ယောက်တည်းနှင့်သာတိတ်ဆိတ်နေတယ်။

ကျွန်တော်လဲနေရာကထမယ်လုပ်တော့ကျောပြင်ကနာကျင်မှုအစုံကတက်လို့လာတယ်။ ခြေထောက်ကလည်းမလှုပ်နိုင်ပဲတစ်ဆစ်ဆစ်နဲ့ကိုက်နေတယ်။

တစ်ကိုယ်လုံးကနာကျင်မှုတွေကြောင့်ကျွန်တော့်မျက်လုံးတွေကိုပြန်လည်မှိတ်ချလိုက်ပြီးအနားယူလိုက်တယ်။

"winwin.."

ခေါ်သံတီးတိုးလေးကျွန်တော့်နားနားမှာကပ်ပြီးကြားနေရတာကြောင့်မျက်လုံးတွေကိုအားယူပြီးပြန်ဖွင့်လိုက်တယ်။

ကျွန်တော့်အိမ်နာမည်ကိုခေါ်တဲ့တစ်ဦးတည်းသောသူ့ရဲ့အပြုံးကကျွန်တော့်ခန္ဓာကိုယ်ကနာကျင်မှုတွေကိုတစ်ဆင့်ချင်းစီကုသသွားတယ်။

"သက်သာရဲ့လား..?"

နှုတ်ခမ်းနားတစ်ဝိုက်ထိုးနှက်ခံထားရတဲ့ဒဏ်ရာတွေကြောင့်သွေးတွေတောင်ခြောက်ပြီးကပ်နေတဲ့ဒဏ်ရာကနာလာလို့သူ့အမေးကိုပြန်မဖြေနိုင်ပဲခေါင်းသာငြိမ့်ပြလိုက်ရတယ်။

ကျွန်တော့်လက်ကိုသူလာကိုင်ပြီးနောက်တစ်ဖန်ထပ်ပြုံးပြတယ်။

ချိုလိုက်တာ... သူ့အပြုံးလေးက...

အေးချမ်းလိုက်တာ...... ကြည်နူးလိုက်တာ....

သူ့ healing smile ကြောင့်ကျွန်တော့်ဒဏ်ရာတွေကိုပစ်ယူလိုက်သလိုပဲချက်ချင်းနာကျင်မှုတွေကသူ့အပြုံးထဲပျော်ဝင်သွားရတယ်။

သူရယ်လိုက်၊ပြုံးလိုက်တိုင်းအရမ်းချောပြီးဆွဲဆောင်မှုရှိလွန်းလို့မိန်းကလေးတိုင်းကသူ့အပြုံးကိုကြွေကြတယ်။

DICE Where stories live. Discover now