အရောင်အသွေးစုံလင်သော စားချင်စဖွယ် အသားကင်အမျိုးမျိုးနှင့်အတူ အနံ့အရသာအပြည့်ရှိသော ရဲရဲတောက်အချည်ရည်များမှာလည်း ပွင့်ချပ်များဖြင့် ပြည့်နေသော ပန်းကန်ပြားပေါ်တွင် ပျူငှာဖော်ရွေစွာ ရှိနေကြသည်။
တူဖြင့်တစ်ခုယူကာ နှိုက်မြည်းလိုက်သည့် ချယ်ရိီရောင် Winwin နှုတ်ခမ်းထက်တွင် နီရဲသော အချဉ်စက်တစ်ချို့ကျန်နေခဲ့သည်။
ဗိုက်ဆာနေသောကြောင့် အငမ်းမရစားနေမိသော Winwin မှာ သတိမထားမိသော်ငြား ရှေ့မှ Yuta မှာတော့ Winwin အားပြုံးကာကြည့်နေမိသည်။
"အာ...winwin.. နှုတ်ခမ်းမှာပေနေတယ်..."
အတုံ့အဆိုင်းမရှိ ချက်ချင်းဆိုသလို နှုတ်ခမ်းထောင့်တွင် ကျန်ရှိနေခဲ့သော အချဉ်ရည်စက်လေးအား ဖယ်ပေးလိုက်သည်မှာ Winwin ပင်မသိလိုက်။
စားလက်စအကင်ဖတ်ပင်ပြုတ်ကျသွားရသည်အထိ ပါးစပ်အဟောင်းသားနှင့် Yuta အားကြည့်နေမိသည်။
"XieXie Gege.."
ဖြူဝင်းသောသွားများပေါ်သည်အထိ ပြုံးရယ်ကာကြည့်နေသော Yuta အကြည့်များကို မခံနိုင်တော့၍ ပန်းကန်ပြားပေါ်ရှိ အကင်များဆီသို့ မျက်နှာလွှဲလိုက်သည်။
Yuta gege.. ကျွန်တော်..gege ကို....
နှုတ်မှဖွင့်ဟမပြောလိုက်သော်လည်း အကြည့်များကို Yuta သဘောပေါက်မိပါမည်။ ဖရိုဖရဲ ဆံနွယ်လေးများအားဖွရင်း အပြုံးမပျက် ကြည့်နေတော့သည်။
ပန်းကန်ဆေးနေသော Winwin နောက်ကျောလေးကို ကြည့်ရင်း မီးဖိုချောင်ထဲသို့ Yuta ဝင်လာသည်။
"Winwin.."
"ဗျာ.. ပြန်တော့မလို့လား gege.."
"ဟုတ်တယ်.. နောက်လည်းကျနေပြီဆိုတော့ Winwin လည်း အိပ်တော့လေ..."
"ကျွန်တော်ကရပါတယ်ဗျ... အာ..မေ့နေတာ...gege ကို ပိုက်ဆံပေးရဦးမယ်..."
"ရပါတယ်ဆိုကွာ... ကိုယ်ဝယ်ကျွေးတယ်ပဲ သဘောထားလိုက် ဟုတ်ပြီလား..."
"မဟုတ်ဖူးလေ... ကျွန်တော်က gege ကို ပိုက်ဆံပေးဖို့ အိမ်အထိတောင် ခေါ်လာတာကို.."
YOU ARE READING
DICE
Fanfictionဘဝကို game တစ်ခုလိုသာ restart လို့ရမယ်ဆိုရင်?dong si cheng ကကျောင်းမှာအမြဲအတန်းထဲကလူတွေရဲ့အနိုင်ကျင့်တာကိုခံရတယ် တစ်နေ့မှာကျောင်းသားအသစ်kunကသူ့ဘေးမှာထိုင်ပြီးသူ့ကို game တစ်ခုကစားဖို့ပြောတယ်....