ကျွန်တော်တို့ကိုယ့်အတန်းကို ကိုယ်ဆီပြန်သွားကြပြီးပုံမှန်အနေအထားအတိုင်းတည်ငြိမ်သွားတဲ့အချိန်မှာဆရာမအတန်းထဲဝင်လာတယ်။
ပျင်းရိစရာကောင်းတဲ့စာသင်ချိန်တစ်ချိန်ကုန်ဆုံးပြီးချိန်မှာကျောင်းဆင်းချိန်ကိုပျော်ရွှင်စွာနဲ့ရောက်ရှိလာကြတယ်။
အတန်းထဲမှလူတချို့ထွက်သွားကြတဲ့အချိန်မှာကျွန်တော်ကပစ္စည်းတွေသိမ်းနေတုန်းရှိသေး။
Kun ကကျွန်တော့်ဘေးနားကနေကျွန်တော့်ကိုနှုတ်မဆက်ပဲမသိသလိုလျှောက်သွားတယ်။
ကျွန်တော့်ဘေးနားကခုံအောက်မှာသူ့ဆီကတစ်စုံတစ်ရာပြုတ်ကျကျန်ခဲ့လို့အောက်ငုံ့ပြီးလှမ်းကြည့်လိုက်မိတယ်။
သူ့ဖုန်းမှာအမြဲတပ်ထားနေကျ Dice keychain လေးဖြစ်နေတာကိုတွေ့လိုက်ရတယ်။
တစ်ခါမှအနီးကပ်မတွေ့ဖူးလို့ကောက်ကိုင်ကြည့်လိုက်မိတယ်။
ကျွန်တော်လှမ်းယူပြီးကိုင်ကြည့်လိုက်တဲ့အချိန်မှာ Kun ကလှည့်ကြည့်လာတယ်။
"အဲ့ဒါငါ့ဟာ!"
"...."
သူ့ပစ္စည်းကိုယူကိုင်လို့ပြာပြာသလဲဖြစ်နေတဲ့ပုံနဲ့ကျွန်တော့်ကိုပြောလာတယ်။
"ပြန်ပေး.."
"ခဏ.."
သူလက်လှမ်းယူလိုက်တဲ့အချိန်မှာကျွန်တော့်လက်ကိုသူနဲ့ဝေးရာထားလိုက်ပြီးဖွက်ထားကာပြောလိုက်တယ်။
"နေ့လည်ကမင်းဒါကြောင့်ဟိုကောင်တွေနဲ့ရန်ဖြစ်နိုင်တာလား?"
"ဘာ?"
"ဟုတ်တယ်မလား..?"
နေ့လည်ကရန်ဖြစ်ကြတုန်းကဟိုကောင်တွေရဲ့အမေးကိုကျွန်တော်သွားသတိရလိုက်မိတယ်။
Kun လက်ထဲမှာတစ်ခုခုရှိနေတယ်ဆိုတဲ့အကြောင်းကိုသူတို့လည်းသိသလိုအဲ့ဒီအရာလေးကိုကြည့်ပြီးသူတို့လှမ်းမေးလိုက်တာဖြစ်တယ်။
"မင်းဘာတွေပြောနေတာလဲ?"
"ဟိုတခါတုန်းကမင်းငါ့ကိုပြောခဲ့တာမှတ်မိသေးလား?"
YOU ARE READING
DICE
Fanfictionဘဝကို game တစ်ခုလိုသာ restart လို့ရမယ်ဆိုရင်?dong si cheng ကကျောင်းမှာအမြဲအတန်းထဲကလူတွေရဲ့အနိုင်ကျင့်တာကိုခံရတယ် တစ်နေ့မှာကျောင်းသားအသစ်kunကသူ့ဘေးမှာထိုင်ပြီးသူ့ကို game တစ်ခုကစားဖို့ပြောတယ်....