အမြင့်တစ်နေရာမှလိမ့်ဆင်းလာတဲ့အန်စာတုံးလေးဟာတစ်ဖြည်းဖြည်းငြိမ်ကျသွားပြီးရပ်တန့်သွားသည်။
"၆ ဒီတစ်ခါတော့...နံပါတ်က၆"
နန်းတော်သကဲ့သို့လှေကားထစ်ပေါင်းများစွာရှိသည့်ကြီးကျယ်ခမ်းနားသောနေရာတွင်လူတစ်ယောက်ဟာလှေကားအပေါ်ဆုံးမှနေ၍အောက်မှလှေကားထစ်တစ်ထစ်ချင်းစီတွင်မတ်တပ်ရပ်ကာတန်းစီနေသောလူတစ်ယောက်ချင်းစီရဲ့ပစ်လိုက်သောအန်စာတုံး၏နံပါတ်များကိုအော်ပေးလျက်ရှိနေသည်။
"ကျလာတဲ့အန်စာတုံးရဲ့နံပါတ်က ၆ ဂုဏ်ယူပါတယ်! အားလုံးပဲသူ့အတွက်လက်ခုပ်သြဘာပေးလိုက်ကြပါ!"
လှေကားအပေါ်ဆုံးတွင်ရပ်နေသောထိုလူ၏နောက်တွင်မူဖြူဖွေးသောတိမ်တိုက်များမှလွဲ၍မည်သည့်အရာမှမရှိ။
လှေကားတစ်ထစ်ချင်းစီတွင်ရပ်နေကြသောလူများနှင့်အောက်မှတန်းစီနေကြသောလူများမှာလက်ခုပ်သြဘာပေးနေကြသည်။
အလင်းရောင်မရှိမှောင်မိုက်သောထိုနေရာတွင်ယောကျင်္ား၊မိန်းမ အသက်အရွယ်မရွေး လူတန်းစားများအားလုံးကို Dong Si Cheng ထူးဆန်းစွာကြည့်ရင်းတီးတိုးရေရွတ်မိသည်။
အာ...ဒီနေရာကဘယ်နေရာလဲ...?
"ဟိုလေ..အကို..ကျနော်တို့ဘယ်ကိုရောက်နေကြတာလဲခင်ဗျ? ဒီမှာဘာတွေဖြစ်နေကြတာလဲ..?"
ကျွန်တော့်အရှေ့မှတန်းစီနေသောအကိုတစ်ယောက်အားသိချင်စိတ်ဖြင့်မေးမြန်းလိုက်သည်။
"မင်းဘာမှလုပ်လို့မရတော့ဘူး...မင်းကသေသွားခဲ့ပြီ..သူပေးတဲ့အန်စာတုံးကိုပစ်မှမင်းကထပ်မွေးဖွားလာနိုင်မှာ..."
ဘာ...!? ကျွန်တော်ကသေသွားပြီ...?
"result ကိုကြေညာမယ်! ပါဝင်သူနံပါတ် ၁၅၃ပစ်လိုက်တဲ့နံပါတ် ၆ ကျသွားတဲ့သူဟာဆိုရင်နောက်ဘဝမှာချမ်းသာတဲ့သူတစ်ယောက်သို့မဟုတ်ကျော်ကြားတဲ့ idol တစ်ယောက်အဖြစ်ပြန်လည်မွေးဖွားလာမယ်"
သူတို့တွေကကျွန်တော်တို့ရဲ့နောက်ဘဝကိုဒီအန်စာတုံးလေးခေါက်လိုက်ရုံနဲ့ရလာတဲ့ရလဒ်အတိုင်းဆုံးဖြတ်နေကြတာလား....?

ESTÁS LEYENDO
DICE
Fanficဘဝကို game တစ်ခုလိုသာ restart လို့ရမယ်ဆိုရင်?dong si cheng ကကျောင်းမှာအမြဲအတန်းထဲကလူတွေရဲ့အနိုင်ကျင့်တာကိုခံရတယ် တစ်နေ့မှာကျောင်းသားအသစ်kunကသူ့ဘေးမှာထိုင်ပြီးသူ့ကို game တစ်ခုကစားဖို့ပြောတယ်....