ဂျပန်နိုင်ငံမှပြန်ရောက်လာကြသောမိဘနှစ်ပါးကို ကြိုဆိုရန် လေဆိပ်တွင်ရောက်နေကြသော Yuta နှင့် Winwin.
"မေမေ.."
လက်ပြကာလှမ်းခေါ်လိုက်တော့ Yuta ရှိရာဘက်သို့ ပြုံးကာလျှောက်လာကြသည်။
"ဖေဖေ.. ပေး.. ကျွန်တော်သယ်ပေးမယ်.."
အဖေဖြစ်သူလက်ထဲမှအထုပ်အပိုးများကို ယူလိုက်ပြီး တစ်ချို့တစ်ဝက်ကို Winwin ကလှမ်းယူလိုက်သည်။
"သားကို တစ်ယောက်တည်းလာမယ်ထင်နေတာ.."
အဝတ်ထုပ်များကို ကြည်ဖြူစွာ လှမ်းယူလိုက်ပြီး Yuta အမေက်ိုပါ ပြုံးပြလိုက်သော Winwin ကိုတွေ့တော့ မိခင်ဖြစ်သူက Yuta ကို မေးလိုက်သည်။
"ဟုတ်တယ် မေမေ.. ကျွန်တော်တို့နှစ်ယောက်အတူ သယ်လို့ရတာပေါ့... ကျောင်းပိတ်တော့ သူလည်း အိမ်ထဲမှာ ပျင်းနေမှာလေ.. အဖော်ရအောင် ခေါ်လာလိုက်တာ.."
အဝတ်ထုပ်များကို ကားနောက်ခန်းထဲထည့်ပြီး အချို့သောအထုပ်များကို ထပ်ဆင့်တင်လိုက်သည်။
ကားပေါ်တွင်အနောက်ခန်းက Yuta အမေနှင့်အဖေတို့ အတူထိုင်ကြပြီး အရှေ့ခန်း ကားမောင်းသူ Yuta ဘေးတွင်တော့ Winwin ထိုင်သည်။
နောက်ဆုံးစာမေးပွဲပြီးလို့ကျောင်းပိတ်တာ တစ်ပတ်ရှိသောအချိန်တွင် Yuta မိဘနှစ်ပါးပြန်လာတော့မယ်ဆိုသော သတင်းကိုကြား၍ ပြန်ရောက်မည့်ရက် ဒီနေ့တွင် လာကြိုရခြင်းဖြစ်သည်။
Winwin အမေကတော့ အိမ်တစ်အိမ်လုံးကို ဝင်းလက်နေအောင် သန့်ရှင်းထားပြီး စားချင်စဖွယ် ဟင်းမျိုးစုံကိုလည်း ချက်ထားပြီး အဆင်သင့်စောင့်နေရှာသည်။
"ပြန်လာကြပြီလား.. ဗိုက်ဆာနေရောပေါ့.. ဟင်းတွေ အများကြီး ချက်ထားတယ်.."
ပြောလည်းပြော အဝတ်ထုပ်များလည်း သယ်ရင်း အိမ်ထဲသို့ လျင်မြန်စွာဝင်သွားသည်။
ကျန်သောအထုပ်များက်ို Winwin ကအနောက်က သယ်လာပြီး Yuta နှင့် မိဘနှစ်ပါးမှာတော့ ဧည့်ခန်းထဲ ရောက်နေကြပြီဖြစ်သည်။
Winwin အမေက အသင့်ခပ်ထားသော ရေနှစ်ခွက်ကို ဧည့်ခန်းထဲရှိ ထိုင်ကာအမောဖြေနေကြသော Yuta အမေနှင့်အဖေရှေ့ ချပေးလိုက်သည်။

KAMU SEDANG MEMBACA
DICE
Fiksi Penggemarဘဝကို game တစ်ခုလိုသာ restart လို့ရမယ်ဆိုရင်?dong si cheng ကကျောင်းမှာအမြဲအတန်းထဲကလူတွေရဲ့အနိုင်ကျင့်တာကိုခံရတယ် တစ်နေ့မှာကျောင်းသားအသစ်kunကသူ့ဘေးမှာထိုင်ပြီးသူ့ကို game တစ်ခုကစားဖို့ပြောတယ်....