အပိုင်း {၁}

7K 402 27
                                    


ဝေဝေဆာဆာရှိနေတဲ့ ပန်းခင်း ငယ်လေးကို ကြည့်ကာ Kyung Soo မျက်ရည်တွေ ဝိုင်းလာမိသည်။

လက်ထဲက ဝက်ဝံရုပ်ကလေး ကို ကျစ်ကျစ်ပါအောင် ကိုင်ထားရင်း နှုတ်ခမ်းထူထူလေးတွေက တဆတ်ဆတ်တုန်ရီနေသည်။

ဒီနေ့ Omma နဲ့ အတူ အိမ်အသစ် ရက်ကွက်အသစ် သို့ ပြောင်းရွှေ့ ရန် စီစဉ်နေကြခြင်း...

အိမ်သုံး ပရိဘောဂ ပစ္စည်းတွေကို  အလုပ်သမားတွေ ကားပေါ်မတင်နေတုန်း Kyung Soo ကတော့ အခုထိနေလာတဲ့ အိမ်အဟောင်းလေးကို ကြည့်ကာ မျက်ရည်တွေ ကျနေမိသည်။

~ သားလေး.... Kyung Soo... ~

အနောက်ကနေ ခပ်တိုးတိုး လာခေါ်တဲ့ Omma ကို မြင်တော့ ရင်ခွင်ထဲ တိုးဝင်ကာ ငိုလိုက်မိသည်။

~ မငိုပါနဲ့ သားရယ်... Kyungie လေး က ငယ်သေးတာပဲဟာ... Kyungie လေး အသက်က ငါးနှစ်ပဲ ရှိသေးတာ၊.. နောက်အိမ်အသစ်မှာ သူငယ်ချင်း အသစ်တွေ တွေ့မှာပေါ့ ... နော်...~

~ ဟင့်!....ဟုတ်...~

လေသံချိုချိုလေးနဲ့ ချော့မော့ပြောနေတဲ့ Omma ကို ခေါင်းငြိမ့်ပြကာ ပစ္စည်းတွေ စုံနေပြီ ဖြစ်တဲ့ ကားကြီးပေါ်သို့ သားအမိနှစ်ယောက်လုံး တက်ခဲ့ကြသည်။

   ~ Kyungie နှုတ်ဆက်ပါတယ်.... အိမ်ကြီးရေ....~

.
.
.
.
.
.
.
.
.
.
.

   ပြောင်းရွှေ့ရမည့် ရက်ကွက်ထဲကို ဝင်ဝင်ချင်း အုံ့မှိုင်းလာတဲ့ ရာသီဥတုကြောင့် ကောင်းကင်ကို မော့ကြည့်တော့ တိမ်လိပ်တွေ ဖုံးနေတဲ့ ကောင်းကင်မှာ နေရောင်မရှိတော့....

ကားအပြင်ထုတ်ထားတဲ့ သူ့လက်ကို အေးစိမ့်စိမ့် လေထုလေးက လာရောက် ကျီစယ်နေကြပြန်သည်။

~ Arjusshi.... ရှေ့က လမ်းလေးထဲ ကွေ့လိုက်ပါနော်... ~

Omma ညွှန်ပြတဲ့ လမ်းထဲ ဒရိုင်ဘာ Arjusshi နည်းတူ လှမ်းကြည့်မိတော့ မျက်ဝန်းလေးတစ်စုံ ကို တွေ့လိုက်ရသည်။

လမ်းကြားထဲ ကွေ့ဝင်လိုက်တာ နဲ့ တွေ့လိုက်ရတဲ့ မျက်ဝန်းတစ်စုံကြောင့် ရင်ထဲ လှိုက်ခနဲ...

ထိုမျက်ဝန်းတွေက သူများနှင့်မတူ ခပ်ညိုညိုကလေး..

မျက်ဝန်းညိုကလေးက Kyung Soo ကို ခဏသာ လှည့်ကြည့်ပြီး သူ့ အလုပ်သူ ဆက်လုပ်နေပြန်သည်။

My....Nơi câu chuyện tồn tại. Hãy khám phá bây giờ