အပိုင်း {၁၀}

2.5K 350 38
                                    


အခု ဆိုရင် Kyung Soo ကျောင်းတက်ခဲ့တာ နောက်ဆုံး စာမေးပွဲ ကြီးတောင် ဖြေရခါနီးပြီဖြစ်သည်...

တစ်နှစ်လုံး ကျောင်းစာတွေနဲ့ပဲ လုံးပန်းနေရတာမို့ ဘယ်သူနဲ့မှ လည်း မတွေ့ဖြစ်.....

ထူးခြားသည့် အရာဆိုလို့ နှစ်ဝက်လောက်မှာ Kyung Soo တို့ ကျောင်းကို ပြောင်းလာတဲ့ China က Luhan နှင့် သူငယ်ချင်း ဖြစ်ခဲ့သည်သာ ရှိသည်...

ခင်တာ မကြာသေးပေမယ့် Luhanက Kyung Soo အတွက်တော့ ငယ်ပေါင်းကြီးဖော်လိုပင်....

အခုလည်း စာမေးပွဲကြီး မတိုင်ခင် တင်ရမယ့် Project အတွက် မြို့ထဲက တိတ်ဆိတ်တဲ့ ဆိုင်လေး တစ်ဆိုင်ကို Luhan နဲ့အတူ ရောက်နေကြခြင်း

~ ငါတို့ Presentation ကို ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ Kyung Soo...~

~ အင်း.. အဓိက အချက်ကတော့ Natural Sign ကို တင်ပြရမှာဆိုတော့ အများစုကတော့ တောင်တောင်ရေမြေတွေ ကျေးငှက်တွေ  အကြောင်းကို  ပြောကြလိမ့်မယ် လို့ ငါထင်တယ် Luhan..~

~  အင်းနော်...မင်း ပြောတာလည်း မှန်သားပဲ.. ~

Kyung Soo စကားကို ထောက်ခံတဲ့ Luhan ကို ပြုံးပြလိုက်ရင်း ဆိုင်တံခါးရဲ့ ခေါင်းလောင်းသံလေးကြောင့် ဆိုင်ပေါက်ဝဆီ အကြည့်ပို့မိတော့ ဆိုင်ထဲကို ဝင်လာသူက Jongin ...

Kyung Soo ကသာ မြင်ရပေမယ့် ဝင်လာတဲ့ Jongin ကတော့ သူ့ အာရုံနဲ့ သူမို့ မြင်ဟန်မတူ ...
ဆိုင်ရဲ့ ထောင့်ကျကျနေရာမှာ ဝင်ထိုင်ပြီး ဝန်ထမ်းလေးကို စားစရာတွေ မှာနေလေရဲ့...

Kyung Soo ... Jongin ရဲ့ လှုပ်ရှားမှု မှန်သမျှကို တစ်ချိန်လုံး လိုက်ကြည့်နေမိသည်... 

ဆိုင်တံခါးဆီ အကြည့်တွေ ပို့လွှတ်ထားတဲ့ Jongin ကတော့ တစ်ယောက်ယောက်ကို မျှော်နေဟန်...

Kyung Soo ခန့်မှန်းတာ မမှားဘူး ဆိုလျှင်တော့ Jongin စောင့်နေသူက Shin က လွဲလို့ အခြားသူ မဖြစ်နိုင်...

သို့သော်လည်း အချိန်ကြာသွားတဲ့ အထိ ထိုဝိုင်းလေးမှာ Jongin တစ်ယောက်တည်းသာ..

ခါတိုင်းလိုပဲ Shin ရောက်မလာပြန်ဘူး ထင်ပါသည်...

~ ဒေါက်..ဒေါက်...~

My....Donde viven las historias. Descúbrelo ahora