~ ဟေ့..... အိပ်ပုတ် .. ထတော့လေ.... ဖူး•• ~နားထဲ ဝင်လာတဲ့ လေငွေ့နွေးနွေးလေးကြောင့် ငုတ်တုတ် ထထိုင်လိုက်ရပေမယ့် Kyung Soo မျက်လုံးတွေ မဖွင့်နိုင်သေး ...
ညက သန်းခေါင် ကျော်တဲ့ အထိ စာလုပ်ဖြစ်သွားတာမို့ အိပ်ရေးမဝသေးတာလည်း ပါသည်....
~ အောဟော!...ကြည့် .. ငုတ်တုပ် ပြန်အိပ်နေပြန်ပြီ.. ကဲ.. လာစမ်း!..~
အသံအချို့နဲ့ အတူ နှုတ်ခမ်းတစ်ခုလုံး ဆွဲငုံခံလိုက်ရတော့မှ အိပ်ချင်နေတဲ့ မျက်လုံးတွေက အလိုလို ပြူးကျယ်လာရင်း ရှေ့က တရားခံ ကို တွန်းထုတ်လိုက်ရသည်...
နှုတ်ခမ်းတွေ လွှတ်ပေးတာ ခံလိုက်ရတော့လည်း ရန်မတွေ့အားသေး.. အသက်ကို ဝအောင် ရှုရပြန်သည်...
ပြီးမှ ရန်တွေ့ဖို့ မော့အကြည့် ရှေ့က မျက်နှာ စပ်ဖြီးဖြီး ကြီးနဲ့ လူသား... တနည်းအားဖြင့် Kim Jongin....
~ KIM JONGIN!!!!! ~
~ ပြော... အသည်းလေး ~
တွေ့လား!.. ရန်တွေ့ဖို့ တမင် နာမည် အပြည့်အစုံခေါ်တာတောင် မျက်နှာရူး လာလုပ်နေသေးတာ..
နှစ်ယောက်လုံး တရားဝင် ဝန်ခံပြီး နောက်ပိုင်းမှာ Kim Jonginဆိုတဲ့ ဒင်းက မတရားတွေ လက်ရဲ ဇက်ရဲ နိုင်လာသည်...
ကျောင်းလာကြိုရင်း လမ်းလယ်ခေါင်လည်း နမ်းချင် နမ်းနေတာပဲ ....
ရည်းစား ဖြစ်တဲ့နေ့က မိုးရေထဲ နေတာများသွားပြီး Kyung Soo သုံးရက်လောက် အဖျားကြီးသွားခဲ့သည်..
ထိုအချိန်ကစလို့ Kim Jongin တစ်ယောက် Kyung Soo ကို အရိပ်တကြည့်ကြည့် နဲ့ ဖြစ်လာသည်...
အိမ်ကိုလည်း သူ့အိမ် သူ့ယာ လို ဝင်ထွက်နေတာ အခုချိန်ထိပင် ..
ဘယ်လောက် ပြာယာခတ် သည်းသည်းလှုပ် ပြနေလဲ ဆို Kyung Soo ရဲ့ Omma ကတောင် အမြင်ကပ်ပြီး နှစ်ယောက်လုံး အော်ထုတ်ခံရပြီးပြီ...
အခုတော့ ဘယ်လို ညာစားလိုက်သည် မသိ...
Omma က သူ့ကိုဆို တစ်သားတည်း သား နေတော့တာ....~ဟေ့!.. ထပ်ထိုင်နေဦးမှာဆို နှုတ်ခမ်းကြီး ဖူးယောင်သွားအောင် နမ်းပစ်တော့မှာနော် ~
![](https://img.wattpad.com/cover/153452057-288-k245723.jpg)
ESTÁS LEYENDO
My....
Romanceအချစ်ဆိုတာ ဘာမှန်းမသိခဲ့တဲ့ ဟိုးကလေးဘဝကတည်းက ချစ်မိခဲ့သည် ဆိုလျှင် သူ ယုံနိုင်မည်လား.... တကယ်တော့ ကျွန်တော်ဟာ မျှော်လင့်စောင့်စားသူ စစ်စစ်တစ်ယောက် .... By KADI_DK_Believer Covered by Erigomshwe8812 မူရင်းဝတ္ထု ပိုင်ရှင် အား လေးစားလျှက်....