အခုဆို Kyung Soo .. Uni တက်နေတာ တစ်လခွဲတောင် ရှိနေပြီ ဖြစ်သည်...ရည်မှန်းချက်အတိုင်း ဝါသနာ ပါရာ တက်ရတာမို့ အခက်အခဲ မရှိပဲ အရာအားလုံးနီးပါး အဆင်ပြေလှသည်..
ဒီနေ့ ပါမောက္ခသင်သွားခဲ့တဲ့ Camera Work သင်ခန်းစာတွေကို စိတ်ဝင်တစား လေ့လာနေမိတာကြောင့် Canteen တောင် မသွားဖြစ်...
ွလွယ်အိတ်ထဲ အသင့်ပါလာတဲ့ ပေါင်မုန့် နဲ့ နို့ဘူး ကိုသာ သောက်ကာ နေ့လည်စာကို ဖြေရှင်းလိုက်ရသည်..
~ ဘယ်သူ့ကို ရှာနေတာလဲ မသိဘူး.. ~
အတန်းဝက ကျောင်းသူ တစ်ယောက်ရဲ့ ကျယ်ကျယ်လောင်လောင် အသံကြောင့် စာတွေ ကုန်းမှတ်နေရင်း မှ အမှတ်တမဲ့ မော့ကြည့်လိုက်မိသည်..
ဝဲဘက်ရင်အုံက ဆတ်ခနဲ ခုန်သွားသည့် အကြောင်းက အတန်းဝတွင် ထိုကျောင်းသူနဲ့ တူတူ ရပ်နေသော Jongin ကြောင့် ...
ထို ကျောင်းသူဆီမှာ Jongin က တစ်ခုခုကို မေးနေခြင်း..
~ နာမည်က Do Kyung Soo လေဗျာ... ဒီအဆောင် ဘက်မှာ ရှိလိမ့်မယ် ဆိုလို့ လာရှာတာ..~
နားစိုက်ထောင်ကြည့်တော့မှ ကြားလိုက်ရတဲ့ Kyung Soo နာမည်ကြောင့် Jongin .. Kyung Soo ကို လာရှာတာ သေချာသွားလေပြီ..
~ Jongin...~
ထိုင်ခုံမှ ထရပ်ရင်း လက်လှမ်းပြတော့မှ Jongin က Kyung Soo ကို ပြန်ပြီး လက်လှမ်းပြရင်း သွားညီညီလေးတွေ ပေါ်အောင် ရယ်ပြသည်..
~ ငါ မင်းကို လာရှာတာ Kyungie..~
ပြောရင်း ဆိုရင်း Kyung Soo ရှိရာ အတန်းထဲကို တစ်လှမ်းချင်း ဝင်လာခဲ့သည်...
အတန်းထဲရှိတဲ့ ကျောင်းသူ အချို့ရဲ့ အကြည့်တွေကလည်း Jongin ကျောဘက်ဆီ သိသိသာသာ ကပ်ပါလာခဲ့ကြသည်..
ဒါကို မသိတဲ့ Jongin ကတော့ အတန်းထဲက လူတွေကို လှည့်ကြည့်ရင်း ပါးချိုင့်တုလေး ပေါ်အောင် ဖောဖောသီသီ ပြုံးပြနေပြန်သည်....
ကျစ်!..... သဝန်တိုပါတယ် ဆိုနေကာမှ...
~ငါ့ကို လာရှာတာ ဘာကိစ္စရှိလို့လဲ Jongin..~
Kyung Soo အမေးစကားကြားတော့မှ Jongin က Kyung Soo ကို ပြန်ကြည့်လာရင်း ပြုံးကာ

أنت تقرأ
My....
عاطفيةအချစ်ဆိုတာ ဘာမှန်းမသိခဲ့တဲ့ ဟိုးကလေးဘဝကတည်းက ချစ်မိခဲ့သည် ဆိုလျှင် သူ ယုံနိုင်မည်လား.... တကယ်တော့ ကျွန်တော်ဟာ မျှော်လင့်စောင့်စားသူ စစ်စစ်တစ်ယောက် .... By KADI_DK_Believer Covered by Erigomshwe8812 မူရင်းဝတ္ထု ပိုင်ရှင် အား လေးစားလျှက်....