ဒီနေ့ ကျောင်းတွေ စဖွင့်သည့် နေမို့ Kyung Soo လေး ပျော်နေမိသည်။ကျောင်းရဲ့ မူလတန်း ပထမနှစ်အခန်း ထဲမှာ Kyung Soo နှင့် ရွယ်တူ ကျောင်းသား ကျောင်းသူလေးတွေက အများအပြား..
သို့ပေမယ့် Kyung Soo တစ်ခုတော့ စိတ်တိုင်းမကျချင်ပါ...
အကြောင်းအရင်းက Kyung Soo တက်ရတဲ့ စာသင်ခန်းထဲ Jongin မရှိခြင်းကြောင့်...Kyung Soo နှင့် အတူ တွဲထိုင်သူက Shin Hye..
~ Shin..... Jongin က ဘာလို့ ငါတို့ အခန်းထဲ မှာ မတက်ရတာလဲ...~
သိချင်တာကို ဖွင့်ဟမေးမိတော့ Shin က တုံးရန်ကော ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ကြည့်သည်။
~ Kyungie ရာ ... နင်ကလည်း ... Jongin က ငါတို့ထက် အတန်းကြီးတယ်လေ... သူ့ အခန်းမှာ သူတက်မှ ဖြစ်မှာပေါ့..~
~ဩော်...~
~ ဒါနဲ့ Kyungie~
~ ပြော...~
Shin ရဲ့ ခေါ်သံကို စားပွဲခုံပေါ် မေးတင်ထားရင်းသာ စိတ်ပျက်လက်ပျက် ထူးလိုက်မိသည်။
~ နင်ဘာလို့ Jongကို ငါခေါ်သလို Jong လို့ မခေါ်ပဲ Jongin လို့ ခေါ်တာလဲ... ~
~ ငါ Jongin နာမည်ကို သဘောကျလို့.... Jong ဆိုတာထက် Jongin ဆိုတာကို ပိုကြိုက်တယ်... ပြီးတော့ ...~
~ ပြီးတော့... ဘာဖြစ်သလဲ?~
~ နင်နဲ့ မတူချင်လို့.... ~
~ အဟား.... ထားပါတော့.....ဒါပေမယ့် Jong နာမည်လေ... နင့်နာမည်မှ မဟုတ်ပဲ..ကြိုက်တာ မကြိုက်တာ နင်ဆုံးဖြတ်ဖို့ လိုလို့လား..~
ခပ်ထေ့ထေ့မေးလာတဲ့ Shin လေသံက နည်းနည်းတော့ မာသည်။
~ ငါသိပါတယ်... ဒါပေမယ့် ငါ့စိတ်ကိုက အဲ့လိုပဲ ခေါ်ချင်တာ .... မတတ်နိုင်ဘူး... ~
~ နောက်ပြီး နင်က ငါ့ထက် Jong ကို ပိုခင်တာမဟုတ်လား...~
မကျေနပ်သလို မေးတဲ့ Shin မေးခွန်းကို ဖြေဖို့ သူမနဲ့ မျက်လုံးချင်းစုံအောင် ကြည့်လိုက်မိသည်။
~ ငါ နင့်ထက် Jongin ကို ပိုခင်တာ မဟုတ်ဘူး Shin... ~
~ မလိမ်နဲ့ Kyungie~
~ ငါမလိမ်ပါဘူး... ငါ နင့်ထက် Jongin ကို ပိုခင်တာ မဟုတ်ပဲ အစကတည်းက Jonginကိုပဲ ခင်ခဲ့တာ ... ဒါပေမယ့် Omma က Jongin သူငယ်ချင်း ဖြစ်တဲ့ နင့်ကိုပါ ပေါင်းရမယ်ဆိုလို့ ငါခင်ဖို့ ပြောခဲ့ယုံပဲ... ~
![](https://img.wattpad.com/cover/153452057-288-k245723.jpg)
YOU ARE READING
My....
Romanceအချစ်ဆိုတာ ဘာမှန်းမသိခဲ့တဲ့ ဟိုးကလေးဘဝကတည်းက ချစ်မိခဲ့သည် ဆိုလျှင် သူ ယုံနိုင်မည်လား.... တကယ်တော့ ကျွန်တော်ဟာ မျှော်လင့်စောင့်စားသူ စစ်စစ်တစ်ယောက် .... By KADI_DK_Believer Covered by Erigomshwe8812 မူရင်းဝတ္ထု ပိုင်ရှင် အား လေးစားလျှက်....