ရာသီဥတုက ဆောင်းထဲ ဝင်စပြုနေပြီမို့ မနက် ၁၀ နာရီ ကျော်တာတောင် အနည်းငယ် အေးစိမ့်စိမ့် နိုင်နေသေးသည်...ပုံမှန်ဆို အခန်းထဲပဲ အောင်းနေဖြစ်မှာပေမယ့် မနက်စောစော Shin က Ph ဆက်လှမ်းခေါ်တာမို့ Bus စီးကား မြို့ထဲသို့ ထွက်လာဖြစ်ခြင်း...
မတွေ့ချင်ပေမယ့် အတင်းအကျပ် အရေးကြီးသည်ဟုဆိုတာ ခေါ်နေတာကြောင့် မတတ်သာပဲ ထွက်လာခဲ့ရတာပင်...
Shin ချိန်းထားတဲ့ ကော်ဖီဆိုင်ကို ရောက်ဖို့လည်း ကားဂိတ်ကနေ ငါးမိနစ်ခန့် လမ်းလျှောက်လိုက်ရသေးသည်...
ကော်ဖီဆိုင် တံခါးကို တွန်းဖွင့်လိုက်ရင်း အထဲ ကို ခြေချလိုက်တာနဲ့ ဘေးချင်းကပ် ထိုင်နေကြတဲ့ Shin နဲ့ Jongin ကိုတွေ့ရသည်....
Shin ကတော့ လုပ်ချလိုက်ပြန်ပြီထင်ရဲ့...
ဖုန်းဆက်တုန်းက Jonginပါမည် ဟု မပြောခဲ့တာမို့ ထွက်လာခဲ့ခြင်းသာ....
ူသူတို့မမြင်ခင် ဒီအတိုင်း ပြန်သွားရင် ကောင်းမလား တွေ့လိုက်ရမလား.. ချီတုံချတုံ ဖြစ်နေစဉ်မှာပဲ မျက်စိလျှင်သည့် Shin က သူ့ကို တွေ့သွားခဲ့သည်..
~ Kyungie ရေ... ငါတို့ ဒီမှာ... ~
Shin က လက်ပြရင်း လှမ်းအော်လိုက်တာမို့ Jongin လည်း လှမ်းကြည့်လာသည်...
Kyung Soo သက်ပြင်းခိုးချရင်း အသာပြုံးပြလိုက်မိသည်..
အခုမှတော့ ပြန်လှည့်လို့ မရတော့တာမို့ သူတို့ ရှိရာ ဝိုင်းဆီ ဖြည်းဖြည်းချင်း လျှောက်သွားပြီး မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်လိုက်ရသည်..
~ ဘယ်တွေ ပျောက်နေတာလဲ Kyungie... မတွေ့တာတောင် ကြာပြီနော်... ရော့... တစ်ခုခုမှာလေ... ~
Menu book ကို ရှေ့တိုးပေးရင်း မေးလာတဲ့ Shin ကို ပြုံးပြလိုက်ရင်း
~ ငါ အိမ်မှာပဲ ရှိနေတာပါ Shin ... နင် နဲ့ မတွေ့ဖြစ်လို့ပါ... ~
~ ဒါဆို Jong နဲ့ရော...တွေ့ဖြစ်သေးလား~
~ အဲ့ဒါ နင် Jongin ကို မေးကြည့်လေ..~
Kyung Soo ခပ်ပြုံးပြုံးနှင့်သာ Jongin ကို မေးငေါ့ရင်း ပြောလိုက်တာမို့ Shin က မျက်စောင်းထိုးသည်...
![](https://img.wattpad.com/cover/153452057-288-k245723.jpg)
YOU ARE READING
My....
Romanceအချစ်ဆိုတာ ဘာမှန်းမသိခဲ့တဲ့ ဟိုးကလေးဘဝကတည်းက ချစ်မိခဲ့သည် ဆိုလျှင် သူ ယုံနိုင်မည်လား.... တကယ်တော့ ကျွန်တော်ဟာ မျှော်လင့်စောင့်စားသူ စစ်စစ်တစ်ယောက် .... By KADI_DK_Believer Covered by Erigomshwe8812 မူရင်းဝတ္ထု ပိုင်ရှင် အား လေးစားလျှက်....