အပိုင်း {၁၂}

3.1K 374 33
                                    


   ~ Kyungie....  ဘာငေးနေတာလဲ....  ငါ ပြန်ရောက်နေပြီလေ အထဲဝင်ကြမယ်...~

လက်မောင်းကို အကိုင်ခံလိုက်ရရင်း အသိပေးခံလိုက်ရတာမို့ လှည့်ကြည့်တော့ နံဘေးက Jongin က ပါးချိုင့်တုလေး ပေါ်အောင် ပြုံးရင်း လက်ထဲက ရေဘူးတွေ မုန့်တွေ ရယ် ပေါက်ပေါက်ဘူး ရယ်ကို မြှောက်ပြလာသည်...

ဒီတစ်ပတ် ပိတ်ရက်မှာ Jongin က ရုင်ရှင်ကြည့်ရအောင် ဟုဆိုကာ အိမ်ထိ လာခေါ်တာမို့ Kyung Soo မငြင်းမိ ..

ငြင်းလည်း မငြင်းချင်ပါ.... ငြင်းဖို့လည်း အင်အားက မရှိ...

Jongin ကတော့ Kyung Soo သူခေါ်တာကို လိုလိုလားလား  လိုက်လာတာမို့ တပြုံးပြုံးဖြစ်နေရှာသည်...

~ မင်း Romeo နဲ့ Juliet မကြည့်ဖူးဘူးလား Kyungie..~

~ ကြည့်ဖူးပါတယ် Jongin ရဲ့... ဒါပေမယ့် Franco Jeffirelli ရိုက်တဲ့ Romeo.Juliet နဲ့ Baz LUHRMANN ရိုက်တဲ့ Romeo.Juliet ဘာကွာလဲ သိချင်လို့ ထပ်ကြည့်တာ~

~ အော်.... ~

Jongin သိချင်တာကို ဖြေပေးပြီး ရုပ်ရှင်ကို အာရုံစိုက်ပြန်စိုက်လိုက်တာမို့ Jongin ဆီက အော် ဆိုတာ အသံသေးသေးလေးသာ ကြားလိုက်ရသည်...

ခဏကြာတော့ လက်မောင်းကို လာထိတဲ့ အထိအတွေ့ကြောင့် လှည့်ကြည့်လိုက်တော့ Jongin ရယ်လေ ပေါက်ပေါက်ဘူးကြီး ပိုက်ရင်း Kyung Soo ဘက် ခေါင်းကြီး စောင်းရင်း ငိုက်နေတာ..

နှုတ်ခမ်းကလည်း စူနေသေး...

Kyung Soo ရယ်လိုက်မိသည်... တစ်ဆက်တည်း ဆိုသလိုပဲ ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားလိုက်မိသေးသည်...

ရုပ်ရှင်က သိပြီးသား ဇာတ်ကြောင်းဖြစ်သည့် Romeo နဲ့ Juliet မို့ ပျင်းသွားပုံပင်..

Kyung Soo ရွေးတဲ့ ကား ကိုသာ အထွန့်မတက်ပဲ လက်ခံခဲ့တာမို့ သူကြည့်ချင်တဲ့ ကား မဟုတ်တာကြောင့် ပျင်းသွားတာ ဖြစ်မည် ..

ခန္ဓာကိုယ်ကို လျှောထိုင်လိုက်ရင်း Jongin မှီလို့ အဆင်ပြေအောင် လုပ်ပေးပြီးမှ ရုပ်ရှင်ဘက် အာရုံ သေချာ ပြန်ပို့ရသည်...

ဒီလိုနဲ့ Kyung Soo လည်း ရုပ်ရှင် နဲ့ ပက်သက်လို့ မှတ်စရာရှိတာတွေ မှတ်သားရင်း အချိန်ကုန်မှန်း မသိကုန်တာ ရုပ်ရှင်တောင် ဇာတ်သိမ်းခန်း ရောက်နေပြီ..

My....Donde viven las historias. Descúbrelo ahora