နေ့စဉ်နေ့တိုင်း Omma သင်ပြပေးတဲ့ စာတွေ ဖတ်နေလေ့ ရှိတဲ့ ငါးနှစ်အရွယ် Kyung Soo ဆီမှာ အလုပ်သစ်တစ်ခု ပိုလာခဲ့ပြီ ဖြစ်သည်။ထိုအလုပ်ကား Jonginနေတဲ့ အိမ်လေး ကို မျှော်ကြည့်သည့် အလုပ်....
ညနေတိုင်း လိုလိုလည်း သူ Jongin , Shin တို့နဲ့ အတူ ဆော့ဖြစ်ပါသေးသည်။
အမှန်တကယ် ကတော့ Jongin နဲ့ Shin သာ ဆော့ကြခြင်း....
သူကတော့ Shin နဲ့ အတူ ဆော့နေတဲ့ Jongin ကိုသာ ထိုင်ငေးဖြစ်တာ များသည်။
Shin နဲ့ ပြေးတိုင်းလွှားတိုင်းဆော့နေတဲ့ Jongin ကို အနိုင်ရဖို့ လက်ခုပ်တီးပြီး အားပေးတတ်တာမျိုး..
ငြိမ်ငြိမ်လေး ထိုင်ဆော့နေတဲ့ Jongin ကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေမိတာမျိုးသာ ပုံမှန်လုပ်ဖြစ်သည်။
ဝမ်းနည်းစရာကောင်းသောနေ့ရက်များလည်း ရှိသည်။
Shin မဆော့တဲ့ ရက်တွေဆို Jongin ကပါ မဆော့ပဲ အိမ်ထဲက အိမ်ပြင်တောင် မထွက်...
ထိုနေ့မျိုးတွင်တော့ Jongin အိမ်ဘက်ကို ငေးကြည့်ကာ ငူငူငိုင်ငိုင် ဖြစ်နေတတ်သည်...
ညအိပ်ခါနီးတိုင်းလည်း ကြယ်တွေကို ကြည့်ပြီး ကလေးပီပီ ဆုတောင်းတတ်သေးသည်။
တစ်နေ့တစ်ခါ ဖြစ်ဖြစ် Jongin ကို အမြဲတမ်းတွေ့ရဖို့......
.
.
.
.
.
.
.
.
.~Kyungie ရေ.... Kyungie....~
ပြတင်းပေါက်မှာ ထိုင်နေရင်း နားထဲ တိုးဝင်လာတဲ့ Jongin အသံ သဲ့သဲ့ ကြောင့် အိမ်ထဲကနေ ပြေးထွက်လာလိုက်တော့ ခြံဝမှာ မုန့်ပန်းကန်လေး ကိုင်ကာ ရပ်နေတဲ့ Jongin...
~ငါခေါ်နေတာ ကြာလှပြီ ဘာလို့မကြားတာလဲ ~
~ ငါ မင်းအိမ်ကို ငေးနေမိလို့ ...~
~ ဟင်!...~
အံ့ဩသွားသယောင် ဖြစ်သွားတဲ့ Jongin က နှုတ်ခမ်းလေးဟကာ ငြိမ်နေပြန်သည်။
~ မင်းက ဘာလို့ ငါတို့အိမ်ကို ငေးနေတာလဲ~
~မင်းကိုတွေ့ချင်လို့..... ~
~ ဟင်!... မင်းက ငါ့ကို တွေ့ချင်လို့?....ဘာလို့လဲ? ~
~ ငါမသိဘူး....Jongin.... ငါမင်းကို တအားခင်မိသွားလို့ ဖြစ်မှာပေါ့...~

ESTÁS LEYENDO
My....
Romanceအချစ်ဆိုတာ ဘာမှန်းမသိခဲ့တဲ့ ဟိုးကလေးဘဝကတည်းက ချစ်မိခဲ့သည် ဆိုလျှင် သူ ယုံနိုင်မည်လား.... တကယ်တော့ ကျွန်တော်ဟာ မျှော်လင့်စောင့်စားသူ စစ်စစ်တစ်ယောက် .... By KADI_DK_Believer Covered by Erigomshwe8812 မူရင်းဝတ္ထု ပိုင်ရှင် အား လေးစားလျှက်....