အပိုင်း{၄}

2.3K 307 43
                                    


ဒီနေ့ ကျောင်းပိတ်ရက်မို့ Kyung Soo တစ်နေကုန် စာရေးစားပွဲပေါ်မှာ ထိုင်နေဖြစ်သည်။

ဒါပေမယ့် စာရေးစားပွဲပေါ်မှာ စာအုပ်အစား လမ်းထိပ် ကြက်ကြော်ဆိုင်က ကြော်ငြာboard အသေးလေးတွေ သာ နေရာယူထားသည်။

့ထိုboard လေးတွေက ကြက်ကြော်ဆိုင် arjuma ဆီက တောင်းယူလာခဲ့ ခြင်း.

arjuma က Kyung Soo ကို ချစ်တာမို့ Kyung Soo တောင်းသလောက် boardတွေကို လျှောလျှောလျူလျူ ပေးလိုက်တာပင်...

~ သား Kyungie... ဘာလုပ်နေတာလဲ ရှုပ်ပွနေတာပဲ..... ~

အခန်းထဲ မီးပူတိုက်ပြီးသား အဝတ်တွေ လာထားတဲ့ Omma က ကြော်ငြာboard တွေနဲ့ အလုပ်ရှုပ်နေတဲ့ သူ့ကို တွေ့တာမို့ တအံ့တဩ မေးလာသည်။

~ သား  အိမ်လေး တစ်လုံး ဆောက်မလို့ပါ Omma ~

~ အိမ်? ဟုတ်လား? ဒါတွေနဲ့ ဘယ်လိုလုပ်ပြီး ဆောက်မှာလဲ Kyungie ရဲ့...  ~

~ ဒီအသားက မီးနဲ့ ကပ်ရင် ကပ်တယ်လေ Omma ရဲ့..~

~ ကဲ... ဆောက်ပြီးတော့ရော ? ~

~ မွေးနေ့လက်ဆောင် ပေးမလို့ပါ Omma~

~ Jongin ကို? ~

~ ဟီး..ဟုတ်..~

သွားဖြဲပြရင်း ဖြေတော့ Omma ရဲ့ မျက်စောင်း နုနုက ဒိုင်းခနဲ...

~ Kyungie ရယ်... အသင့် ရောင်းတဲ့ အိမ်လေးတွေ ရှိပါတယ်... Omma ဝယ်ပေးမှာပေါ့... အခုဟာက မီးနဲ့ ကပ်ရမှာ ဆိုတော့ လက်တွေ ဘာတွေ လောင်ကုန်မှဖြင့်~

~ သား သိပါတယ် Omma ... ဒါပေမယ့် Jongin ကို သားကိုယ်တိုင် လုပ်ပြီး ပေးချင်လို့ပါ..~

~ အေးဟယ်.... လုပ်ချင်တာသာ လုပ်တော့... မပြောတော့ဘူး. တကတည်း သည်းသည်း လှုပ်နေတာပဲ .. ~

ခေါင်းတခါခါ နဲ့ ပြောရင်း ထွက်သွားတဲ့ Omma ကို ကြည့်ကာ ပြုံးလိုက်မိသည်။

ပြီးမှ စားပွဲပေါ်က board တွေဆီ ပြန်ပြီး အာရုံစိုက်လိုက်မိသည်။

ဒီည ဒီအိမ်လေးကို အပြီးသတ်နိုင်မှ ဖြစ်မည်..

မနက်ဖြန် Jongin မွေးနေ့ မဟုတ်လားလေ....

.
.
.
.
.
.
.
.
.
.
.
.
.
 
    မနက် ၈ နာရီ အိပ်ရာနိုးတာနဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်တော့ ထိုးဝင်လာတဲ့ နေရောင်ခြည် စူးစူးကြောင့် မျက်စိတွေတောင် ကျိန်းစပ်သွားရသည်။

My....Hikayelerin yaşadığı yer. Şimdi keşfedin