🎶🎶 ပျော်စရာတွေကို အစဉ်သာဖန်တီးပေးမယ် … အခင်အမင်ပိုနေတာတွေ သူသိသွားရင် … အမုန်းတွေကို ကိုယ်မခံနိုင်ဘူး … သူငယ်ချင်းလိုဟန်ဆောင်ကာ ကိုယ်ခိုးချစ်မယ် … 🎶🎶
အဆက်မပြတ် မြည်လာသော ဖုန်းမှ alam သံကြောင့် ဟန်စစ်မင်း အိပ်ယာထက်မှ ခေါင်းထောင်လိုက်ပြီး အိပ်မှုန်စုန်ဖွားနှင့် အလိုက်ကမ်းဆိုးမသိ အသံဖြင့်နှိပ်စက်နေသော မိမိဖုန်းအား လက်တစ်ဖက်နဲ့ လျှောက်စမ်းလိုက်သည်။ လက်ထဲရောက်လာသော ဖုန်းအား အသံပိတ်အောင် ဖုန်းscreenမှ အဝိုင်းလေးနှစ်ခုအား ဘယ်မှန်း ညာမှန်းမသိ ပွတ်ဆွဲလိုက်ပြီးနောက် အေးချမ်းစွာ အိပ်စက်ခြင်းဆီသို့.....
15 မိနစ်ခန့်ကြာသော်
🎶🎶 ပျော်စရာတွေကို အစဉ်သာဖန်တီးပေးမယ် … အခင်အမင်ပိုနေတာတွေ သူသိသွားရင် … အမုန်းတွေကို ကိုယ်မခံနိုင်ဘူး … သူငယ်ချင်းလိုဟန်ဆောင်ကာ ကိုယ်ခိုးချစ်မယ် … 🎶🎶
ထပ်မံပေါ်ထွက်လာသော် အသံကြောင့် ဟန်စစ်တစ်ယောက် ဒေါသူပုန်ထကာ အိပ်ယာမှကောက်ထပြီး ဖုန်းအားလှမ်းယူလိုက်စဉ်
screenမှမြင်လိုက်ရသော သချာင်္ဂဏန်းတစ်ချို့ကြောင့် မျက်လုံးပြူးရပြီး နှုတ်မှလည်း မကျေမနပ်ရေရွတ်သံလေးများ စီကာ စီကာ ထွက်ပေါ်လာလေတော့သည်။" အားး … သွားပါပြီ သွားပါပြီ၊ ၇နာရီခွဲသွားပြီ အစ်မတို့ကလည်း ခေါ်မနိုးဘူး "
ယွန်းတစ်ယောက် အိမ်နောက်ဖေးတွင် ချက်ပြုတ်နေရင်း အခန်းထဲမှ မောင်ဖြစ်သူ၏ အသံကိုကြားသောအခါ
" ဒီလောက်ဖုန်းတစ်လုံးလုံး အဆက်မပြတ် အသံမြည်နေတာတောင် အသေကောင်လိုအိပ်နေတဲ့ အကောင်ကို ငါက ခေါ်နိုးစရာလား "
အိပ်ချင်မပြေသော မျက်နှာစူပုတ်ပုတ်ဖြင့် စောင်ခေါက်နေရင်း အိမ်နောက်ဖေးမှ ထွက်ပေါ်လာသော မိမိအစ်မ၏ ချိုသာသော စကားသံကြောင့် ဟန်စစ် တစ်ယောက်
ငိုပါငိုချင်သွား၏။အစ်မပြောတာလည်းမလွန်ချေ။ မိမိကိုယ်တိုင်ကလည်း အအိပ်နဲ့ပတ်သက်လာရင် ကာလနဂါးသေလို့ ဝင်စားသလားမှတ်ရအောင်
အအိပ်ကမက်သည်ကို။
YOU ARE READING
တစ်ရံရောအခါ.....
Romanceလူတွေက အချစ်ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ် ကျွန်တော်ကတော့ ခင်ဗျားကို သေလောက်အောင်ချစ်မိနေတာပဲသိတယ် ဟန်စစ်မင်း ကိုယ်ကြောင့် ကိုယ်ချစ်ရသူ ဝမ်းနည်းနေတာမြင်တော့ ကိုယ်ပိုပြီးနာကျင်ရတယ် ဟန် လင်းခန့်နိုင် လူတှကေ အချစ်ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိ...