" အစ်ကို ဦးပြောင်ကြီးဆိုင် အရင်သွားရအောင်
ပြီးမှ စာစဉ်တင်တဲ့နေရာသွားမယ် "ကားပေါ်ကအဆင်း
ဟန်ပြောလိုက်သောစကားကြောင့် လင်းခန့်မျက်လုံးပြူးရသည်။
အိမ်ကနေလည်း မုန့်စားခဲ့တယ်ပြောသေး
ကားဂိတ်မှာလည်း မုန့်ဟင်းခါးစားတဲ့သူက
အခုလည်း မုန့်ဆိုင်အရင်သွားမည်ဆိုတော့" ဟန် မင်းဟုတ်ရော ဟုတ်သေးရဲ့လား "
" ဘာကိုလဲဗျ "
ကျွန်တော်အပြောကို နားမလည်ဟန် မေးခွန်းပြန်ထုတ်နေလေရဲ့
" အိမ်ကနေလည်း မုန့်စားခဲ့တယ်ဆို "
" အင်းလေ "
" ကားဂိတ်မှာလည်း ကိုယ်နဲ့အတူတူ မုန့်ဟင်းခါး စားသေးတယ်လေ "
" အဲ့တာက လမ်းလျှောက်လိုက်တာ
ဗိုက်ဆာသွားလို့ စားတာလေ "" ခုလည်း မုန့်ဆိုင်သွားဦးမှာဆိုတော့
ဟုတ်ရော ဟုတ်သေးရဲ့လား "" ဟီး ဒီတစ်ခါက ထုံးစံမို့လို့
ကျောင်းရောက်ရင် ဗိုက်ကအလိုလိုကို ဆာလာတာ "ဟန် အဖြေကြောင့် လင်းခန့် ကိုယ့်နဖူးသာ ကိုယ်ရိုက်လိုက်မိတော့သည်။ မေးမိတဲ့ ကိုယ့်အမှား။
" ဟုတ်ပါပြီဗျာ ဒါဆိုလည်း သွားရအောင်
တော်ကြာ ဗိုက်ဆာလို့ဆိုပြီး
ကိုယ့်ကိုယ် ကိုက်စားနေမှ ဟုတ်ပေ့ဖြစ်နေဦးမယ် "" အစ်ကိုနော်…… "
မျက်နှာစူပုတ်ပြီး ရှေ့ကထွက်သွားသော ချစ်ရသူလေးကို ကြည့်၍
ရယ်လိုက်ပြီး နောက်ကနေ
လိုက်သွားလိုက်တော့သည်။
ကန်တင်းရောက်တော့" အန်တီရေ မှာမယ် "
" သားတို့ ဘာစားကြမလဲ "
" အာလူးကြော်တစ်ပွဲ ရေခဲသုပ်တစ်ပွဲ
နို့သစ်ခွတစ်ခွက် အစ်ကိုရော ဘာစားဦးမလဲ မှာလေ "တရစပ်မှာပြီး ကျွန်တော်ကိုကြည့်၍
မေးလာသောကြောင့်" ကျွန်တော့်ကို ကော်ဖီတစ်ခွက် အန်တီ "
အန်တီကြီးထွက်သွားတော့ မနေနိုင်စွာ
" ဟန် အဲ့တာတွေ အကုန်စားနိုင်လို့လား "
YOU ARE READING
တစ်ရံရောအခါ.....
Romanceလူတွေက အချစ်ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ် ကျွန်တော်ကတော့ ခင်ဗျားကို သေလောက်အောင်ချစ်မိနေတာပဲသိတယ် ဟန်စစ်မင်း ကိုယ်ကြောင့် ကိုယ်ချစ်ရသူ ဝမ်းနည်းနေတာမြင်တော့ ကိုယ်ပိုပြီးနာကျင်ရတယ် ဟန် လင်းခန့်နိုင် လူတှကေ အချစ်ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိ...