Part( 17 )

929 46 7
                                    

ကားမှန်ကိုကြည့်ကာ မျက်နှာကိုဘယ်ညာလှည့်လိုက်နဲ့ ဆံပင်သလိုက်နဲ့ အလုပ်ကြီးအကိုင်ကြီးလုပ်နေသော အံ့မင်းသာကိုကြည့်ကာ ဟိန်းမင်းခေါင်းသာခါ၍ သက်ပြင်းချမိသည်။ တစ်မီးငြိမ်းလို့အေးပြီးလားမှတ်ပါတယ် နောက်တစ်မီးကလောင်လာပြန်ပြီ။ လင်းခန့်တုန်းကဆိုလျှင် မနက်၆နာရီထိုးထကာ သူ့ဟာလေးကို နေ့စဉ်နေ့တိုင်း သွားရောက်ဖူးမျှော်လေသည်။ ပြန်လာရင်တော့ ကုလားသေ ကုလားမောနှင့် မိမိသူငယ်ချင်းက ပြန်အိပ်တတ်သည်။ မိမိသူငယ်ချင်းက ထိုကဲ့သို့ ဝီရိယကောင်းပါသည်။

စားစရာလေးတစ်ခုခုများစားလျှင်လည်း ဒါလေးက ဟန့်အကြိုက်၊ ဒါလေး ဟန့်ကိုကျွေးရင် သူကြိုက်လောက်မည်ဆိုကာ ဟန် ဆိုတာက ပါးစပ်ဖျားကမချပေ။ ထိုလောက်နှင့် ပြီးပြီလားဆိုတော့ မပြီးသေး အပို့တော်တာဝန်ကို ယူပြန်သည်။ သူလင်ရရေးတွက် မိမိတို့ပါအငြိမ်မနေရ။ ဒီကောင်မအားတဲ့ချိန်ဆို မိမိနှင့် အံ့မင်းသာက ထိုအပို့တော်တာဝန်ကို ယူရသည်။ ဘုရားတွင် နေ့စဉ်နဲ့အမျှ ဒီကောင် လင်မြန်မြန်ရပါစေသာ ဆုတောင်းနေရသည်။ ဘုရားက မိမိဆုတောင်းကို ကြားသွား၍ သနားသွားသည်ထင် ဒီကောင်နဲ့ ဟန်စစ်အမြန်အဆင်ပြေသွားလို့သာ တော်သေးသည်။

သူ့ဟာလေးက ဘယ်ချိန်ထဲက သဘောကျနေသည်မသိ။ ဒီကောင် ဖွင့်ပြောတာနဲ့တစ်ခါထဲ အဖြေပြန်ပေးလိုက်လေရဲ့။ ဒါလည်းကောင်းတာပဲ။ မိမိတို့သက်သာရာရသည်မဟုတ်လား။ ဒါတောင် ကျွန်တော့်သူငယ်ချင်း လင်းခန့်ရဲ့ အချစ်နာလန်ထသမျှကို သောက်မြင်ကပ်ကပ်နဲ့ ကြည့်ခဲ့ရသေးသည်။ ဒီတစ်လောမှ ဒီကောင့် ပိုးကအတော်လေးသေသွားသည်။

ဝမ်းသာအားရဖြစ်မည်မျှ မကြံသေး အံ့မင်းသာရဲ့ ပီကာကျူးက တစ်စခန်းထလာလေသည်။ အစကတော့ မိုးတစ်လုံး လေတစ်လုံးပြောပြီး နောက်မှ မြင်မြင်သမျှကို ပီကာကျူးလုပ်နေလို့ ရွာသာကြီးပို့ရတော့မည် ထင်နေတာ။ လောကကြီးကထူးဆန်းသည်ဆိုမလား၊ ကံကြမ္မာကဆန်းပြားသည်ဆိုမလား ဒီကောင့် ပီကာကျူးက ဟန်စစ်မင်းရဲ့ သူငယ်ချင်းလေးဖြစ်နေသည်။ တစ်ယောက်ကလည်း ဟန် ရောဂါ၊ တစ်ယောက်ကလည်း ပီကာကျူးရောဂါနှင့် ဘယ်ဘဝရေစက်နဲ့များ မိမိသူငယ်ချင်းနှစ်ယောက်ကို နိုင်စားရာလေးက ထိုကလေးနှစ်ယောက်ဖြစ်နေပါလိမ့်။

တစ်ရံရောအခါ.....Where stories live. Discover now