ကိုယ်တို့ ခဏလောက်တွေ့ကြရအောင် ဟူသော ကိုခန့်ရဲ့ချိန်းဆိုမှုကြောင့် သံစဉ်အံ့သြနေရသည်။ မိမိဆီဖုန်းဆက်လေ့မရှိသော ကိုခန့်က ထူးထူးဆန်းဆန်းဖုန်းဆက်လာကာ ချိန်းဆိုခြင်းပင်ဖြစ်သည်။
သံစဉ်တစ်ယောက် နှစ်လိုဖွယ်ပြုံးလိုက်ရင်း ကိုခန့်နှင့်ချိန်းဆိုထားသောနေရာသို့သွားရန် ပြင်ဆင်လိုက်တော့သည်။
အဖြူရောင်ဂါဝန်ကိုဝတ်ဆင်ကာ မိတ်ကပ်အနည်းငယ်ချယ်မှုန်း၍ ပန်းနုရောင်နှုတ်ခမ်းနီကို ခပ်ပြေပြေဆိုးလိုက်ပြီး ကိုယ့်ကိုယ်ကို လှပနေအောင်ပြင်ဆင်၍ ကုတင်ထက်ကပိုက်ဆံအိတ်ကို လှမ်းယူလိုက်ပြီးအောက်ထပ်သို့ဆင်းလာလိုက်သည်။
" အမယ် သံစဉ်တစ်ယောက် လှလို့ ပလို့ပါလား။ မှန်မှန်လိမ်စမ်း ကောင်လေးနဲ့သွားတွေ့မို့လား "
အဆောင်အတူနေသော အစ်မတစ်ဦး၏ စနောက်မှုကြောင့် သံစဉ်နေရခက်သွားကာ အရှက်ပြေရယ်လိုက်ရင်း
" အစ်မကလည်း သံစဉ်ကအရင်ထဲက လှပြီးသားပါနော်။ အလုပ်ထဲက သူငယ်ချင်းနဲ့တွေ့ဖို့ချိန်းထားလို့။ သွားဦးမယ် "
" ဒါဆို သူငယ်ချင်းက မိန်းကလေးတော့မဖြစ်နိုင်လောက်ဘူး။ အေးပေါ့လေ … ခုတော့ သူငယ်ချင်းပေါ့။ နောက်များဆို … "
" အာ … အစ်မကလည်း ပေါက်ကရတွေ … သွားပြီ … သွားပြီ "
အဆောင်ကအစ်မကိုနှုတ်ဆက်ကာ ထွက်လာလိုက်ပြီးနောက် လမ်းထိပ်တွင်တက္ကစီငှား၍ ကိုခန့်ချိန်းဆိုသောနေရာသို့ စိတ်လှုပ်ရှားစွာ လာခဲ့လိုက်လေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
ကော်ဖီဆိုင်တွင်းသို့ဝင်ဝင်ချင်း ဆိုင်အတွင်းမျက်လုံးဝှေ့ကာ ကိုခန့်အားရှာဖွေလိုက်မိသည်။
ဆိုင်ထောင့်တွင်ထိုင်နေသောကိုခန့်က လက်မြှောက်ပြနေသည်မို့ သံစဉ်ပြုံးပြလိုက်ကာ ထိုနေရာသို့လျှောက်လာလိုက်ပြီး ကိုခန့်နှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်ရင်း
" စောင့်နေရတာ ကြာပြီလား ကိုခန့် "
" မကြာသေးဘူး သံစဉ် … ဘာစားမလဲ မှာလေ "
YOU ARE READING
တစ်ရံရောအခါ.....
Romanceလူတွေက အချစ်ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ် ကျွန်တော်ကတော့ ခင်ဗျားကို သေလောက်အောင်ချစ်မိနေတာပဲသိတယ် ဟန်စစ်မင်း ကိုယ်ကြောင့် ကိုယ်ချစ်ရသူ ဝမ်းနည်းနေတာမြင်တော့ ကိုယ်ပိုပြီးနာကျင်ရတယ် ဟန် လင်းခန့်နိုင် လူတှကေ အချစ်ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိ...