ဖုန်းscreenပေါ်က ချစ်ရသူလေး၏ပုံကိုကြည့်ပြီး လင်းခန့်နှုတ်ခမ်းတို့ အလိုလိုပြုံးမိသွားသည်။ ဟန်နဲ့သူ ချစ်သူတွေဖြစ်တာ နှစ်လတောင်ကျော်ခဲ့ပြီ။ မိမိအပေါ်အစစအရာရာနားလည်ပေးသော ချစ်သူလေးကြောင့် သူတစ်နေ့တစ်ခြား ပိုပိုလို့ချစ်လာရသည်။ အင်း… ကပေါက်တိကပေါက်ချာ ပြောတဲ့အချိန်ကလွဲရင်ပေါ့။ တစ်နေ့ကျွန်တော့်အိမ်မှာ နှစ်ယောက်သား TVတူတူကြည့်နေရင်းက……
" အစ်ကို "
" ဟင် "
" ကျွန်တော်လေ တက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေ ဖတ်တော့လေ "
ဟန့်စကားကြောင့် လင်းခန့်မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပင် ချစ်သူတွေဖြစ်ပြီး တစ်လအတောအတွင်း ဒီကောင်လေးအကြောင်း သူတော်တော်သိလာသည်။ ခုလည်း ဘာတွေကပေါက်တိကပေါက်ချာ ပြောဦးမည်မသိ။
" အင်း ဘာဖြစ်လို့လဲ "
" သူ့ဇာတ်လမ်းလေးတွေကလေ သစ္စာတရားကို အခြေခံပြီးရေးတာများတယ် သိလား "
" အင်း "
နားထောင်နေတဲ့ မိမိကသာမျက်ခုံးလှုပ်ပြီး ဘုရားတနေရတာ။ ပြောတဲ့သူကတော့ ဆိုဖာခုံပေါ် အကျအနတင်ပလ္လင်ခွေထိုင်နေပြီး ပေါက်ပေါက်ဘူးကိုပိုက်ပြီး အေးဆေးစားနေလေရဲ့။
" နှစ်တွေဘယ်လောက်ကြာကြာ အဆက်အသွယ်တွေ ဘယ်လောက်မဲ့မဲ့ တစ်ယောက်ဆိုတစ်ယောက်ပဲ ချစ်တာသိလား သူ့စာအုပ်လေးတွေဖတ်ပြီးတော့လေ ကိုယ်ချစ်ရတဲ့သူပေါ် သစ္စာထားရမယ်လို့ ကျွန်တော်အမြဲတွေးမိတယ် "
ဟူးးး တော်ပါသေးရဲ့
ထိုအခါမှ လင်းခန့်သက်ပြင်းချနိုင်လေသည်။ သို့သော် သိပ်မကြာပါ ဆက်ပြောလိုက်သော စကားကြောင့် လင်းခန့်စိတ်တို့ စိုးရိမ်ရေမှတ်ကျော်ရလေပြီ။
" အဲ့တာကြောင့် ကျွန်တော်တို့ စမ်းသပ်ကြည့်မလားလို့ "
" စမ်း စမ်း စမ်းသပ်ကြည့်မယ် ဘယ်လို စမ်းသပ်မှာလဲ "
" ဒီလိုလေ အစ်ကိုနဲ့ ကျွန်တော် စာအုပ်ထဲကလို တစ်နှစ်လောက် အဆက်အသွယ်မလုပ်ဘဲ နေကြရအောင်လေ နော် နော် "
YOU ARE READING
တစ်ရံရောအခါ.....
Romanceလူတွေက အချစ်ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ် ကျွန်တော်ကတော့ ခင်ဗျားကို သေလောက်အောင်ချစ်မိနေတာပဲသိတယ် ဟန်စစ်မင်း ကိုယ်ကြောင့် ကိုယ်ချစ်ရသူ ဝမ်းနည်းနေတာမြင်တော့ ကိုယ်ပိုပြီးနာကျင်ရတယ် ဟန် လင်းခန့်နိုင် လူတှကေ အချစ်ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိ...