လက်ဝဲရင်အုံက
တေးသံတွေအလွမ်းရိပ်မိနေပြီ
ဆုပ်ပိုင်နိုင်ခွင့်မရတဲ့
အနာဂတ်အငွေ့အသက်တွေမှာ
မျှော်လင့်ချက်လေး
ခပ်ယဲ့ယဲ့ရှင်သန်ကောင်းပါရဲ့
ခေါက်သိမ်းထားမိတဲ့
အိပ်မက်တွေ
ပြန်ပြန်ဖွင့်ကြည့်မိတိုင်း
မျက်ဝန်းတွေလွမ်းငွေ့ဝေတယ်...
ဘယ်ဆီမှာလဲ ဆိုတဲ့အမေး က
အတိတ်တံခါးခေါက်မိတိုင်း
အဖြေရှာမတွေ့သေး...
မနက်ဖြန်ရဲ့မနက်ဖြန်များစွာထိ
လွမ်းတေးညည်းရင်း
နာနာကျင်ကျင်သတိရမိနေဦးမှာ...
Snow Hninn
2 Aug 2017
5:04 PM
YOU ARE READING
၂၀၁၇ လက်ရွေးစင်ကဗျာများ
Poetry၂၀၁၇မှာ ကဗျာတွေအများကြီးရေးဖြစ်ခဲ့တယ် ...။ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်အကြိုက်တွေ့ခဲ့တဲ့ကဗျာတွေရှိခဲ့တယ် လက်ရွေးစင်ကဗျာများဆိုပြီး လာသိမ်းတာပါ ...။ အမှတ်တရပေါ့... Snow Hninn 17 May 2018 6:25 PM