ထိုဝေးသည့်နေ့မှစ

38 3 0
                                    



တမ်းတခြင်းအတွေးတိုင်း

လွမ်းဆွေးခြင်းကအရိပ်လို

တဆစ်ဆစ်နာနေတာ

တရစ်ရစ်နဲ့ဝေဒနာတိုးတယ်

သတိရတိုင်း

အတိတ်ဆီပြေးပြေးရောက်တယ်

ပျော်ရွှင်ခြင်းအတိတ်မြင်တိုင်း

သိသိသာသာဝေဒနာတိုးတယ်

ရပ်

ဦးနှောက်လှမ်းအတား

နှလုံးသားက

ပြတ်ပြတ်သားသား

ငြင်းဆန်တယ်

ဒီလိုနဲ့

ကြေကွဲခြင်းမိုးတိမ်တွေ

ပစ္စုပ္ပန်မှာ

သည်းကြီးမိုးကြီးပဲ

အော်

ဒီနေ့လည်း

မိုးလေ၀သသတင်းမကြေညာပါဘူး

ဒီနှလုံးသားရပ်ဝန်းကတော့

အလွမ်းတွေစွေနေတာ

ဝေးတဲ့နေ့ကတည်းကပဲ...။




Snow Hninn

6 Feb 2017

9:37pm

၂၀၁၇ လက်ရွေးစင်ကဗျာများWhere stories live. Discover now