ကံရဲ့ရောင်ခြည်အောက်မှာ
အိပ်မက်တွေစိုက်ပျိုး
မဆုတ်မနစ်ခြင်းတွေ
ထပ်ခါထပ်ခါလောင်း
ဆန္ဒတွေလှိုင်လှိုင်ပွင့်ခြင်းနောက်မှာ
အောင်မြင်ခြင်းတွေရိတ်သိမ်းလိုက်ပါ...။
ဘ၀!
ဘ နဲ့ ၀ မှာ
ရှင်းရှင်းလင်းလင်းနဲ့
ကွေ့ကောက်ရှည်လျားလွန်းတယ်
စိတ်အမှောင်ရိပ်တွေ
အမွေဖြတ်ခဲ့လိုက်တော့
ရှေ့ ရောင်နီမှာ
အရှုံးတွေ အနိုင်ပိုင်းမယ်
ရဲရင့်ပြတ်သားခြင်းတွေ
ထွေး ...ပိုက် ...ခဲ့
နင် လား ဟဲ့ လော က ဓံ ကို
ဘုရင်နောင်ဖောင်ဖျက်
ရှေ့ဆက်တိုးရင်း
စိန်ခေါ်အောင်ပွဲခံကြမယ်...။
ကဲ! လာ!
စိတ်ဓာတ်မကျနဲ့
ကျီစယ်နေတဲ့ပါပဂြိုလ်လည်း
ငါတို့လမ်းမှာ
စုန်းပြူးမလင်းစေရ
ရင်ဆိုင်ခြင်းခွန်အားတွေ
ရောင်နီကအလင်းလို
ဘ၀တလျှောက်
ထွန်းလင်းစေမယ်....
လဲကျလည်းပြန်ထ
ငါတို့အိမ်မက်တွေဟာ
ရောင်နီဖျားမှာ
တောက်ပနေတယ်
ရောင်နီနှင့်အတူ
ခရီးဆက်ကြမယ်...။
Snow Hninn
10Sep2017
8:05pm
(အရှေ့စံတော်ချိန်-စက်တင်ဘာ)
YOU ARE READING
၂၀၁၇ လက်ရွေးစင်ကဗျာများ
Poesia၂၀၁၇မှာ ကဗျာတွေအများကြီးရေးဖြစ်ခဲ့တယ် ...။ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်အကြိုက်တွေ့ခဲ့တဲ့ကဗျာတွေရှိခဲ့တယ် လက်ရွေးစင်ကဗျာများဆိုပြီး လာသိမ်းတာပါ ...။ အမှတ်တရပေါ့... Snow Hninn 17 May 2018 6:25 PM