ကိုယ်တိုင်ကပြဇာတ်

29 2 0
                                    


အတိတ်တွေသိပ်မခေါက်ထားနဲ့

ပြန်လှန်ကြည့်ရတာကိုက

လက်ရှိတည့်တည့်ကို

ချိုချဉ်ငန်ဖန်ခါးစပ်ဖြစ်စေရဲ့

အနာဂတ်ကိုလည်း

ဖြန့်ထားတော့လေ

စိတ်ကူးအိပ်မက်ဆိုတာ

ရှိသင့်အရာပဲလေ

လှမ်းမျှော်ကြည့်ရတာကိုက

ပစ္စုပ္ပန်တွန်းအား

မမေ့သင့်တာတော့

မိမိရရဆုပ်ကိုင်ထားတဲ့

အခုလက်ရှိ

ကဲပါ....

ကာလသုံးပါးလုံးဟာ

စလယ်ဆုံးတင်ဆက်နေတဲ့

ဘ၀ပြဇာတ်ပဲ

ကံဇာတ်ဆရာအလိုကျဆိုပေမယ့်

ကိုယ့်အားထုတ်မှုကသာပဓာန...။



Snow Hninn

6 Feb 2017

10:25pm

၂၀၁၇ လက်ရွေးစင်ကဗျာများWhere stories live. Discover now