"ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ"
အခုချိန်ထိ
ပိုချစ်တဲ့သူဟာကိုယ်ပါပဲ။ ။
ဖြေးဖြေးလေးညင်းပြီးသတ်သွားတာ
ကိုယ့်မှအကြိမ်ကြိမ်သေနေရတယ်...မောင်
ဒါပေမယ့်
ကိုယ့်ရဲ့ချစ်ခြင်းတွေတော့
သတ်လို့နိုင်မယ်မထင်ပါဘူး
ပိုချစ်တဲ့သူက ကိုယ်ပဲဖြစ်နေခဲ့တာလေ။ ။
တဖြေးဖြေးဝေးသွားကြခြင်းမှာ
အလွမ်းပါးသွားမယ်ထင်နေတာလား?
မောင့်အရိပ်တွေပဲ
ဒီနှလုံးသားကနေ
ပယ်ဖျောက်လို့မှမရတာ
အခုထိပိုချစ်တဲ့သူကကိုယ်ပဲဖြစ်နေတုန်းလေ။ ။
ချစ်မိသူကအရှုံးတဲ့
ဆက်ချစ်နေရင်း
အရှုံးပေးပါတယ်...မောင်
ထာဝရထက်တစ်ရက်ပိုစွာ
ဆက်ချစ်နေဦးမှာပါ
တကယ်တော့
ပိုချစ်နေဦးမယ့်သူက ကိုယ်ပဲဖြစ်နေဦးမှာမို့လေ။ ။
မောင်
ရင်ခွင်သစ်မှာ
အချစ်စစ်သာကြုံပါစေလို့
မေတ္တာစစ်နဲ့
ဆုတောင်းပေးနေလျက်ပါလေ။ ။
"ပိုချစ်တဲ့သူကိုယ်ပဲဖြစ်ပါစေ"
ပိုချစ်နေမိတဲ့ ....။
Snow Hninn
2 Sep 2017
4:30PM
(အရှေ့စံတော်ချိန်-စက်တင်ဘာ)
YOU ARE READING
၂၀၁၇ လက်ရွေးစင်ကဗျာများ
Poesía၂၀၁၇မှာ ကဗျာတွေအများကြီးရေးဖြစ်ခဲ့တယ် ...။ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်အကြိုက်တွေ့ခဲ့တဲ့ကဗျာတွေရှိခဲ့တယ် လက်ရွေးစင်ကဗျာများဆိုပြီး လာသိမ်းတာပါ ...။ အမှတ်တရပေါ့... Snow Hninn 17 May 2018 6:25 PM