တစ်ကိုယ်စာနေ့သစ်တွေထဲ
နေ့ရောညရောတစ်ပုံစံတည်းရယ်
လင်းခြင်းမှောင်ခြင်းက
ကွာခြားလွန်းခြင်းမရှိတဲ့
အဖော်မဲ့နာရီတွေကြား
ဟိုး...
မိုးသားကောင်းကင်က
တိမ်ဖြူတစ်သိုက်က
ပုံစံအမျိုးမျိုးနဲ့
တင်ဆက်နေကြတာလေ
အလွမ်းမပြေပေမယ့်
အပျင်းတော့ပြေပါရဲ့
မနေ့ကများစွာရဲ့
ဟိုး.....အနောက်အရပ်က
တိမ်ဖြူတွေလောက်
စွဲဆောင်အားမကောင်းလွန်းတာ
ဘယ်သူအသိဆုံးဖြစ်မလဲလေ...။
အော်...
သူတို့တွေပြသမှု
ခဏနားချိန်လောက်မှာ
အနောက်အရပ်ကတိမ်ဖြူတွေအကြောင်း
ဖောင်ဖွဲ့စာစီပြောပြရဦးမယ်...။
Snow Hninn
6 Jan 2017
9:12 AM
YOU ARE READING
၂၀၁၇ လက်ရွေးစင်ကဗျာများ
Поэзия၂၀၁၇မှာ ကဗျာတွေအများကြီးရေးဖြစ်ခဲ့တယ် ...။ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်အကြိုက်တွေ့ခဲ့တဲ့ကဗျာတွေရှိခဲ့တယ် လက်ရွေးစင်ကဗျာများဆိုပြီး လာသိမ်းတာပါ ...။ အမှတ်တရပေါ့... Snow Hninn 17 May 2018 6:25 PM