မအိပ်ဘဲနိုးနေတဲ့
ဟောင်းဟောင်းနွမ်းနွမ်း
အိမ်မက်များ
အသုံးမချဖြစ်လိုက်တဲ့
စိတ်ကူးတည့်ရာများ
တိတ်ဆိတ်ခြင်းကြီးစိုးတဲ့
ညတာမှာ
မနက်လင်းအရုဏ်ထိ
ကျယ်လောင်စွာ
ထိုးဖောက်ထွက်ပြေးသွားခဲ့...။
လက်ခုပ်ထဲက
အရှုံးမပေးတဲ့ဆန္ဒတွေကို
ထိုနေ့သစ်က
ထူးထူးဆန်းဆန်း
တောင်းဆိုနေတော့
အိပ်မှုန်စုံမွှားနဲ့
အံသြမိရပြန်...။
တွားသွားနေတဲ့
အချိန်တွေရဲ့အသံတွေ
ဖိတ်စင်ကျနေပုံက
အချိန်အခင်းအကျင်းလို
တရွေ့ရွေ့...။
နောက်ဆုံးတော့လည်း
ပင်လယ်ရေလိုပါပဲ
သောက်လေသောက်လေ
ငတ်မပြေ
အိပ်စက်ခြင်းတွေမှာ
အိပ်မက်တွေ
ထပ်
မံ
လမ်း
တ
လား
လို့...။
Snow Hninn
29 Oct 2017
5:00PM
(အရှေ့စံတော်ချိန်)
YOU ARE READING
၂၀၁၇ လက်ရွေးစင်ကဗျာများ
Poesia၂၀၁၇မှာ ကဗျာတွေအများကြီးရေးဖြစ်ခဲ့တယ် ...။ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်အကြိုက်တွေ့ခဲ့တဲ့ကဗျာတွေရှိခဲ့တယ် လက်ရွေးစင်ကဗျာများဆိုပြီး လာသိမ်းတာပါ ...။ အမှတ်တရပေါ့... Snow Hninn 17 May 2018 6:25 PM