ဖြစ်တည်မှုမှာ
စီးဆင်းရှင်သန်ခြင်းတွေ
လက်ကမ်းပေးခဲ့တယ်...။အကျိုးအကြောင်းသီအိုရီကြောင့်
လရောင်ငွေ့လှုံတဲ့
ဒီရင်ခွင်ကမြစ်တွေ
ကွေ့တစ်ခါ
ဖြောင့်တစ်ခါနဲ့...။လရိပ်ရဲ့
မေတ္တာနွေးနွေးဟာ
အမှောင်လွှမ်းတဲ့ညတောင်မှ
ဒီစုန်ဆင်းမြစ်တလျှောက်
ငွေရောင်တွေတလက်လက်နဲ့...။လာရာဆီပြန်ဆန်တက်စရာမလိုဘူး
စီးဆင်းမြဲစီးဆင်းခြင်းသည်သာလျှင်
သူ့ဆန္ဒ...။သတိရရင် လရောင်ရင်ငွေ့မှာ
ခိုဝင်နားပါ
စီးဆင်းတိုင်းသာစီးဆင်းသွားပါ
စီးဆင်းရာတလျှောက်
လရောင်လွှမ်းရင်းသာနေမယ့်
မြစ်တို့ရဲ့ရင်ထဲက
ထာဝရ လမင်း ပါ ...။Snow Hninn
27 Dec 2017
12:43pm
YOU ARE READING
၂၀၁၇ လက်ရွေးစင်ကဗျာများ
Puisi၂၀၁၇မှာ ကဗျာတွေအများကြီးရေးဖြစ်ခဲ့တယ် ...။ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်အကြိုက်တွေ့ခဲ့တဲ့ကဗျာတွေရှိခဲ့တယ် လက်ရွေးစင်ကဗျာများဆိုပြီး လာသိမ်းတာပါ ...။ အမှတ်တရပေါ့... Snow Hninn 17 May 2018 6:25 PM