ကျောက်ဆောင်ကြားကပန်း

28 2 0
                                    


ငါ့အတွက်မျက်ရည်ဆိုတာ

အဖော်မဟုတ်ဘူး

သုညရေးသုည

ဘ၀မှာတောင်

သုညလိုဝိုင်းနေအောင်

မကွေးတဲ့ကောင်

မေတ္တာရေဖြန်းမှ

လန်းဆန်းနိုင်ပါမည်တဲ့

လန်းဆန်းနိုင်စရာ

မေတ္တာရေကမဲ့

လက်ညှိုးပေါင်းများစွာအောက်မှာ

နေသားတကျရုန်းကန်နေတတ်ခဲ့ပြီ ...

နေ နဲ့လ မသာနိုင်တဲ့

ငါ့ကမ္ဘာ

အထီးကျန်ခြင်းတွေထမ်းပိုး

ဒုက္ခဆူးတောကိုနင်းဖြတ်လျှောက်

ရှုံးနိမ့်မှုတွေအံကြိတ်ခံရင်

မေတ္တာရေကြည်တစ်စက်

မိုးအဆုံးမြေအဆုံးရှာနေမိတယ်...

ကာရန်မဲ့ဘ၀မို့

မသာယာခဲ့ပါဘူး

ကိုယ့်ဘ၀ကိုယ်သာ

ကံဇာတ်ဆရာရဲ့ဇာတ်ညွှန်းအတိုင်း

ဆေးခြယ်မှုန်းနေရင်း

အရိပ်မဲ့ပန်း

ကျောက်ဆောင်မာကြားကနေ

ရဲ ... ရဲ .... ရင့်... ရင့်....

ထိုးဖောက်ရှင်သန်လို့....

Snow Hninn

2 Sep 2017

3:42PM

၂၀၁၇ လက်ရွေးစင်ကဗျာများWhere stories live. Discover now