Unicode"အီ.....ယာ...
ဖေကြီး ရေ... ထပါ... ဆို... "မှောက်အိပ်နေတဲ့.. ဂျွန်မြောင့်ကျောကုန်းပေါ်..
တက်ခွထားသောသားသည်..
ဂျွန်မြောင်.. အိပ်ယာထရေးကို.. အစွမ်းကုန်ကြိုးစားနေသည်။
နားပေါက်ထဲကို လက်ညှိုးထည့်ပြီး..
မွှေတာကတစ်မျိုး...
သူ့တင်ပါးပေါ်ခေါင်းအုံး.. ခြေထောက်လေးကို.. ပုခုံးပေါ်တင်လို့တင်..
နည်းမျိုးစုံနဲ့အဖေကို.. နှိုးနေသည်။"ဖေ... ထလေ.... ဖေဖေကလည်း...
ဖေ့ကို... ဖိုးဖိုးကြီးက... ထမင်းမကျွေးဖြစ်လိမ့်မယ်နော်..."ခုမှ.. မနက်ခြောက်နာရီလောက်ပဲ..ရှိဦးမည်။
သားကတော့ အစောကြီးနိုးနေသည်။
သားရဲ့ .. အမြင်ကတ်စရာကောင်းလောက်တဲ့
ချစ်စရာအကျင့်က.. မနက်စောစော
အိပ်ရာနိုးတတ်တာဖြစ်သည်။
တနင်္ဂနွေနေ့မို့..ဆိုင်ကမနက်ပိုင်းပိတ်တာနဲ့..
ပျင်းတာနဲ့ရောပြီး.. ဂျွန်မြောင်နှပ်နေမိသည်။"ဖေဖေ.. နိုးနေတာ.. သိတယ်နော်.."
သူမထမချင်း.. သားကတော့ ဇွဲလျှော့မယ့်ပုံမပေါ်ပါ။
ဂျွန်မြောင် .. ငုတ်တုတ်ထထိုင်တော့မှ..
သားကကျေနပ်ပြီးပါးချိုင့်လေးပေါ်အောင်ပြုံးနေ
သည်။"ဖေ... မျက်နှာသစ်လေ.."
"ဟုတ်"
စစ်သားတွေလို.. သတိဆွဲပြီးပြောလိုက်တော့..
သားက..တခစ်ခစ်ရယ်သည်။
အိပ်ယာကို.. ခပ်သွက်သွက်သိမ်းပြီး..
ရေချိုးခန်းထဲဝင်ရသည်။
သားရဲ့.. မူကြိုကလည်း.. ဒီနေ့ပိတ်တော့..
သားကို.. ဈေးထဲခေါ်သွားဖို့ ဂျွန်မြောင်တွေးထားသည်။"အဖေ.. ဘာတွေချက်နေတာလဲ...
ဆိုင်မဖွင့်သေးဘူးလား..""ကြာဇံသုတ်လုပ်နေတာ..
မနက်စာ...စားပြီးမှပဲ ဖွင့်တော့မယ်..
မြေးလေးရော.."."ကျွန်တော့်ကိုနှိုးပြီး.. အခန်းထဲမှာ..ကျန်ခဲ့တယ်...
ဒီနေ့ ဈေးသွားရင်... အဖေ့မြေးကို..ခေါ်သွားမလို့.."အဖေက ..ခေါင်းညိတ်ပြပြီး..
ကြာဇံကို ဆက်နယ်နေသည်။
မိသားစုလိုက်.. ဒီရိုးရာအိမ်လေးကို..
ပြောင်းလာတာ..သုံးနှစ်ရှိပြီ။
သူ.. ကိုရီယားကိုပြန်ရောက်စက...အရင်အိမ်မှာ
သုံး လေးလလောက်သာနေဖြစ်လိုက်သည်။
အရင်ပုံရိပ်အဟောင်းတွေထင်ဟပ်နေတဲ့..
အိမ်လေးအပါအဝင်... ပတ်ဝန်းကျင်ကပါ..
သူ့ကို အဆင်မပြေစေမှန်း...
အဖေရိပ်မိသွားတော့...အိမ်ကိုရောင်းပြီး..
ဒီရက်ကွက်ကို.. ပြောင်းဖို့စီစဉ်ပေးခဲ့သည်။
YOU ARE READING
Love Me More.[Season Two]
FanfictionSeason two of Who Loves More? (Unicode + Zawgyi ) SuHo×YiXing M preg, Rated M