အပိုင်း[၇]

9.2K 1K 137
                                    

Unicode.....


ဂျွန်မြောင်..အခန်းရှင်းပြီးတဲ့အထိ..
ရီရှင်း.. ရေချိုးခန်းထဲက.. ထွက်မလာသေး..။
ညနေစာအတွက်.. ဆိုင်တစ်ဆိုင်ကနေပဲ ...
ဖုန်းဆက်မှာလိုက်တော့သည်။
ခြေကုန်လက်ပန်းကျပြီး.. လုပ်ချင်ကိုင်ချင်စိတ်လည်း..မရှိ..။
ရေစိုခေါင်းနဲ့.. ပြန်ထွက်လာတဲ့..ရှင်းကို..
ဂျွန်မြောင်ခေါင်းပြေးသုတ်ပေးရသည်။
ဘီယာသောက်ကာ.. ငိုပြီးတော့..
ခေါင်းပါထပ်လျှော်မှုကြောင့်..
ရီရှင်းရဲ့.. မျက်လုံးတွေက..ရဲနေသည်။

"အိမ်မှာ.. သားလေးက.. ဒီနေ့မှ..
နေပြန်ကောင်းတာ..."

"ကိုယ်နဲ့..တွေ့လိုက်ရလို့လန့်ပြီးဖျားတာလား..
မသိဘူးနော်.."

အားလျော့နေပုံရတဲ့..ရီရှင်းအသံကြောင့်..
စိတ်မကောင်း..။
သားလေးရဲ့.. စိတ်အခြေအနေကို..ရှင်းပြတော့လည်း..
ရီရှင်း.. ခေါင်းငိုက်စိုက်..။

"အိမ်ပြန်တော့လေ.. ဂျွန်မြောင်...
ကိုယ်က..ရတယ်.. သားကိုပြန်ဂရုစိုက်ပေးလိုက်.."

"ခုတစ်ခါတည်းလိုက်ခဲ့ပါ...ရီရှင်းရယ်..
သားက.. အဖေကို ချွဲပြီးဆိုးနေတာပါ..
ငါတို့သားက.. လိမ္မာပါတယ်...
ငါမွေးပေးခဲ့တဲ့အကြောင်းတောင်...
လက်ခံပေးနိုင်တဲ့.. ကလေးပါ...
သားလေးက.. သဘောထားကြီးပါတယ်..."

ရီရှင်းက.. ခေါင်းခါပြပြီး..သူထုတ်ပေးထားတဲ့..
အကျႌတွေကို.. ကောက်ဝတ်သည်။

"လိုက်ခဲ့ကွာ...
သားက..စိတ်ဆိုးနေတာကို...
မင်းဘက်အလျော့ပေးမှပေါ့..."

"ကိုယ်မလိုက်ချင်ဘူး.. ဂျွန်မြောင်...
ကိုယ်ဒဲ့ပြောရင်.. မင်းနာကျင်သွားမှာ..
ကိုယ်သိတယ်...ဒါပေမယ့်..
မပြောလို့မရတဲ့.. အခြေအနေဖြစ်နေတယ်..
မိသားစုအတူပြန်နေဖို့ဆိုတာ..
ကိုယ့်အတွက်ရော.. သားအတွက်ပါမဖြစ်နိုင်ဘူး.."

ကောင်းသည်။
သိပ်ကောင်းသည်။
အဖေက...တစ်မျိုး..။သားက..တစ်မျိုး..။

"ရှင်းရာ... မင်းကွာ...
သားနဲ့ အပြိုင်ကလေးမလုပ်စမ်းနဲ့...
ဒီလိုသာ.. နှစ်ဖက်လုံးတင်းနေကြရင်...
ငါတို့မိသားစု.. ဘယ်တော့မှအတူပြန်နေရမှာလဲ..."

"ကိုယ့်ဆုံးဖြတ်ချက်က... သားနဲ့မဆိုင်ဘူး..
သားကို.. ကိုယ်နားလည်တယ်...
လက်မလျော့ပါဘူး..
သားအသိအမှတ်ပြုအောင်..
ကိုယ်အမြဲချဉ်းကပ်နေမှာ..."

Love Me More.[Season Two]Where stories live. Discover now