အပိုင်း[၆]

9.2K 1K 77
                                    


   Unicode.....

မနက်ဖြန်ညနေဆို..ရီရှင်း..ပြန်တော့မည်။
တစ်ခါတည်းအပြီးနေဖို့.. ဆွဲထားချင်ပေမယ့်...
အလုပ်ကိစ္စရှိနေသေးတယ်ဆိုတော့..
ဂျွန်မြောင်.. နားလည်ပေးရမည်။
ဖြည်းဖြည်းချင်း... စနစ်တကျပြန်တည်ဆောက်ချင်သည်။
အတင်းကာရော.. ဇွတ်လုပ်မိလို့..
မိသားစုနောက်တစ်ကြိမ်.. ပြိုလဲရမှာမျိုး...
ဂျွန်မြောင်.. အဖြစ်မခံနိုင်..။
အသားမကျသေးတဲ့.. ရီရှင်းကိုလည်း...
ဖိအားအရမ်းပေးလို့.. မဖြစ်နိုင်မှန်း..
ဂျွန်မြောင်သိသည်။
ရှစ်နှစ်ကျော်.. ကိုးနှစ်နီးပါး..သက်တမ်းရှိတဲ့
ရီရှင်းရင်ထဲက.. အစိုင်အခဲက ..
လွယ်လွယ်နဲ့တော့... လုံးဝဥဿုံကျေပျက်
မသွားနိုင်ပါ။
ဒါကို.. ဂျွန်မြောင်.. စိတ်ရှည်ရမည်။

ရီရှင်း..ရေချိုးတုန်း...မနက်စာအတူတူ.. စားဖို့...
ပြင်ဆင်ရသည်။
ထမင်းကြော်နေတုန်း... လတ်ဆတ်တဲ့...သစ်သီးရနံ့လေးတစ်ခုက..
နှာခေါင်းထဲဝင်လာတာမို့... ဂျွန်မြောင်ပြုံးမိသည်။
ရီရှင်းရေချိုးပြီးလို့..ထမင်းစားခန်းထဲ
ရောက်လာတာ..ဖြစ်မည်။
ခါးနားက.. တင်းကျပ်သွားမှုနဲ့အတူ..
ရီရှင်းရဲ့.. မေးဖျားက ..သူ့ပုခုံးပေါ်..မှီခိုလာသည်။
ဒီတိုင်လေးပဲ.. ဆက်ပြီး..ကြော်လှော်နေမိသည်။
နောက်ကနေမှီတွယ်ထားတဲ့... ငရှုပ်လေးက....
ဂျွန်မြောင်.. ဘေစင်ကိုသွားလည်း...ဘေစင်..
ထမင်းစားပွဲကိုသွားလည်း...စားပွဲ..
ဖက်ရက်သားကြီးလိုက်ပါလာသည်။

"ကဲ....ဦးလေးကြီးရေ....
ထမင်းစားမယ်...လွှတ်တော့..."

"မလွှတ်ချင်ဘူး.... ဒီလိုပဲအမြဲပူးကပ်နေချင်တယ်...
အသားချင်း.. အမြဲပဲထိထားချင်တယ်..."

သန်မာလှတဲ့.. လက်မောင်းကြီးတွေကို..
အတင်းဆွဲခွာပြီး..
ထမင်းမစားရင်.. မနမ်းရဘူးပြောမှ...
ကျန်းရီရှင်းတစ်ယောက်.. စားဖို့ပြင်တော့သည်။

"ဒီနေ့... ညစာ... ငါတို့အိမ်မှာလိုက်စားပါလား...
ငါတို့မိသားစု.. အတူတူစားကြမယ်လေ...
ငါ့အဖေနဲ့.. သားမက်အဖြစ်..တရားဝင်..
မိတ်ဆက်လို့လည်း...ရတာပေါ့..."

ထမင်းစားရင်း..ရီရှင်းရဲ့..အရိပ်အကဲကို.. ကြည့်ကာ...
ဂျွန်မြောင်.. စကားတောက်ကြည့်မိသည်။

Love Me More.[Season Two]Where stories live. Discover now