အပိုင်း[၁၀]ဇာတ်သိမ်း

12.5K 1.1K 75
                                    

Unicode.....




ယန်းဖျောင်းမှာ..ဂျွန်မြောင်..
အိမ်တစ်လုံးကြိုငှား..လိုက်သည်။
ဗိုက်က.. ခုထွက်မလာသေးတာမို့..
ငါးလထဲရောက်မှ..သွားနေဖို့စိတ်ကူးသည်။
အိမ်မှာဆိုရင်...သူ့ကိုဝိုင်းဂရုစိုက်နေရမယ့်
သားနဲ့အဖေ့ကို..အားနာသည်။
Nurse တွေငှားမှာနဲ့ဆိုရင်လည်း..
အိမ်က..အားလုံးနေဖို့လောက်ထိမကျယ်..။
ဆိုင်ကိုတော့.. ဒီကဝန်ထမ်းတွေနဲ့ပဲ..လွဲခဲ့မည်။
ဆိုင်စဖွင့်ထဲက.. ဂျွန်မြောင့်တာဝန်ခံလုပ်ခဲ့တဲ့ ... အဒေါ်ကိုပဲ.. ဆိုင်ကိုဆက်ကြည့်ထားဖို့..
ပြောထားသည်။
ဆိုင်မှာ..လိုတဲ့စက်အသစ်တွေကို..
ရီရှင်းကနေ..တဆင့်မှာထားတာလည်း...
ငွေရှင်း..ပေးရဦးမည်။

📱"အင်း...ဂျွန်..
ဘာလုပ်နေလဲ... ထမင်းစားပြီးပြီလား..."

📱"ပြီးပြီ... မင်းရောဘာလုပ်နေလဲ.."

📱"ကိုယ်မြေနေရာကြည့်ဖို့..သွားနေတယ်.."

📱"လွမ်းတယ်"

ရီရှင်း..ပြန်သွားတာတစ်လကျော်ပြီ..။
လွမ်းလွန်းလို့တဖြုတ်ဖြုတ်လိုက်သွားချင်ပေမယ့်...
ဗိုက်ထဲက .. ပိစိပင်ပန်းမှာလည်း..စိုးရိမ်သည်။
ရီရှင်းအလုပ်တွေကုန်းလုပ်နေတာက..
လရင့်လာရင်.. သူနဲ့အတူနေပေးဖို့မှန်းလည်း.
..ဂျွန်မြောင်သိနေတော့..
မလာရကောင်းလာလို့လည်း..မရစ်ရက် ...။
ငိုချင်လာတာနဲ့.. ဖုန်းကို..ဂျွန်မြောင်.. အမြန်ချပစ်လိုက်သည်။
အလုပ်တွေ.. မြန်မြန်လက်စသတ်နိုင်ဖို့ပဲ..
အားထည့်လုပ်တော့မည်။

◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇

"သား...စားချင်တာ..ရှိရင်ပြောနော်.."

အဖေကသာ.. ထမင်းချက်ငှားပြီး..
ဖွယ်ဖွယ်ရာရာတွေ.. ပြင်ဆင်ထားပေမယ့်...
ဂျွန်မြောင်.. ထမင်းစားချင်..စိတ်မရှိ..။
မနက်ခင်းတွေဆို.. အန်ရလွန်းလို့..မောလှပြီ။
သားမှာလည်း.. ရေခပ်ပေးရ...
ကျောထုပေးရနဲ့.. အဖေကိုစိတ်ပူပြီး..
ပြာနေအောင်.. လုပ်ပေးရှာသည်။

"လမ်းထိပ်က..အမဲပေါင်းခေါက်ဆွဲစားချင်လား....ဖေဖေ..
သား.. စက်ဘီးနဲ့သွားဝယ်ပေးမယ်..လေ.."

ဇွန်းကိုင်ပြီးငိုင်နေတဲ့..သူ့ကိုသားက..မေးသည်။

"ရတယ်သား... ဖေဖေမစားချင်ဘူး.."

Love Me More.[Season Two]Where stories live. Discover now