အပိုင်း[၈]

9.7K 1K 123
                                    


Unicode....


"တောင်းပန်ပါတယ်အဖေ...
ဒါပေမယ့်.. သား.. တကယ်..ဂျွန်ရှင်းကို..
လွယ်မွေးခဲ့ရတာပါ..."

အဖေ့ကို...တောင်းပန်တော့..
အဖေက.. မထူူးဆန်လေဟန်နဲ့.. ဂျွန်မြောင့်ကို
တောင်..နှစ်သိမ့်နေသေးသည်။

"အင်း... အဖေရိပ်မိပါတယ်...
အဖေလည်း.. အသက်ကြီးပြီ...ဂျွန်မြောင်...
မင်းကို.. မိသားစုနဲ့..သိုက်သိုက်ဝန်းဝန်း..
စိတ်ချလက်ချထားခဲ့ချင်တယ်..."

အဖေ့စကားအတိုင်း.. ဂျွန်မြောင်လည်း..
တကယ်ဖြစ်ချင်ပါသည်။
မိသားစုနဲ့.. သိုက်သိုက်ဝန်းဝန်းနေချင်မိသည်..။
ဒီမိသားစုက.. ကံအကြောင်းပေါင်းများစွာ..
ထူးကဲပြီး.. ရေစက်စုံရတဲ့.. မိသားစုမို့..
တန်ဖိုးထားရသည်။
သူ့ရင်မှာတည်ရမယ်ဆိုတဲ့.. သားရဲ့ကံတရား..
အရ.. သားကိုသူ.. အဆန်းကြယ်ဆုံးအနေနဲ့..
မွေးဖြစ်သည်။
အခုတော့.. သားက..သူ့ကံတရားဖြစ်သည်။
သားကျန်းမာပျော်ရွှင်နေရင်...
သူ့အတွက်..ကံကောင်းမှုတစ်ခုလို..ခံစားရသည်။
ရီရှင်း..နဲ့.. သားကို.. အဆင်ပြေစေဖို့..
တစ်ဆင့်ချင်းတော့.. လုပ်ပေးရမည်။
အရင်က.. ရီရှင်းကို..လိုလားဟန်ပြပြီး.. ဘာကြောင့်..ခုမှကန့်ကွက်ရလဲလို့..
သားကို ..မေးကြည့်တော့...
~ဖေဖေ့လူ.. ပြန်မလာတော့ဘူးထင်လို့..
ဖေဖေစိတ်ချမ်းသာအောင်အလိုက်အထိုက်နေပေးတာတဲ့~..။
ဂျွန်မြောင်က.. ငိုရမလို.. သိတတ်တာဆိုပြီးပဲ..
ဝမ်းသာရမလို..။

Stanfordမှာနေစဉ်က.. သုံးခဲ့တဲ့..
ဖုန်းလေးထဲက.. MemoryCard ကို.. ထုတ်ပြီး...
ရသလောက်လေး.. အဖတ်ဆယ်ပြီး..
ပြန်ကူးရသည်။

"ဒါတွေက.. သားရဲ့ဘဝပဲ..
ဖြည်းဖြည်းချင်း.. အေးအေးဆေးဆေးကြည့်...
သားရဲ့ပါးပါးက.. ကျန်တဲ့နေရာတွေမှာသာ..
အမှားလုပ်ရင်လုပ်မယ်...
သားအပေါ်မှာတော့.. အမြဲမှန်တယ်...
သား..မြင်အောင်ကြည့်နော်..."

သားက.. ဓာတ်ပုံတွေနဲ့ဆေးမှတ်တမ်း
အကုန်..ပေးလိုက်သည်။
အဲ့အထဲမှာ.. သူနဲ့ရီရှင်း.. အင်တာဗျူးပုံစံ..
အမေး..အဖြေလုပ်ထားတာတွေလည်း..ပါသည်။
သားစိတ်ကြိုက်.. ကြည့်ဖို့လွှတ်ထား..
ပေးလိုက်မည်။
ငယ်ငယ်က.. ပါးပါးကိုဆိုရင်.. အသေချစ်တဲ့..
ဂျွန်ရှင်းရဲ့ပုံရိပ်လေးတွေကို..
သားပြန်ပြီး.. ဖမ်းဆုပ်နိုင်ပါစေလို့..
မျှော်လင့်မိသည်။

Love Me More.[Season Two]Where stories live. Discover now