Unicode....
Warning : 16+🔥
ကားမီးရောင်လေး...ပျောက်သွားတဲ့နောက်မှာ...
ဂျွန်မြောင်.. စိတ်ကိုလျော့ချလိုက်တော့...
ဒူးက .. ညွတ်ခနဲခွေကျသွားသည်။ရှင်း...မှ..ရှင်း...အစစ်...။
ကျန်းရီရှင်း.. အစစ်သူ့ဆီလာတွေ့သွားသည်။
နှုတ်ခမ်းဖျားတွေ... တုန်ရင်လာပြီး...
ဂျွန်မြောင်.. ငိုချလိုက်မိသည်။
ဘယ်လောက်ပဲ.. အသက်ကြီးလာပြီဆိုဆို...
ကျန်းရီရှင်း..ရှေ့ဆို.. ဂျွန်မြောင်...ထိန်းမရအောင်...
စိတ်လှုပ်ရှားတတ်တုန်း...
ကျန်းရီရှင်းအတွက်ဆို.. ယောက်ျားတန်မဲ့..
မျက်ရည်လွယ်တုန်း...။ရှင်းက.. မေးရိုးတွေပိုထင်းလာသည်။
ပိုပြီးတော့.. ယောက်ျားပီသလာသည်။
အရင်လို.. ကောင်လေး... မဟုတ်တော့..။
အေးစက်စက်..မျက်နှာထားက..တင်းမာလို့..
သူ့ကို.. ခုထိ..စိတ်နာနေသေးပုံရသည်။
ရှင်းနဲ့ ...ပြန်တွေ့ကြရင်ဆိုပြီး..
အခြေအနေအမျိုးမျိုးနဲ့...ဂျွန်မြောင်..
စိတ်ကူးယဉ်ကြည့်ခဲ့ဖူးသည်။
တကယ်တမ်းတွေ့ကြတော့.... ယဉ်ထားတဲ့...
စိတ်ကူးအတိုင်း.. တစ်ခုမှဖြစ်မလာ...။
ပြောပြမယ်တွေးထားခဲ့တဲ့... စကားတွေကလည်း.. တစ်ခွန်းမှထွက်မလာ...။
ဘာပဲဖြစ်ဖြစ်...ဒီအခြေအနေလေးအတိုင်းပဲ...
ဂျွန်မြောင်...ကျေနပ်ပါသည်။အိမ်အပြန်လမ်းမှာ...ဂျွန်မြောင်..အတွေးတွေမရပ်နိုင်။
တုန်ရင်မှုတွေ.. လျော့သွားပေမယ့်...
တွေးစရာက.. ပိုများလာသည်။
ရီရှင်းက... သူ့ကိုဒီအတိုင်းပဲ.. လာနှုတ်ဆက်သွားရုံဖြစ်သည်။
သူ့ဆီပြန်လာတာပါလို့... ပြောမသွားသလို...
သူ့ကို.. ချစ်နေတုန်းလို့လည်းဆိုလိုတာမဟုတ်။
ချက်ချင်းကြီး.. အားအင်တွေဆုတ်ယုတ်သွားသလို..
ံခံစားရသည်။
အိမ်ပြန်ရောက်တော့.. သားအခန်းဆီခြေလှမ်းပြီးမှ...
မတည်မငြိမ်ဖြစ်နေတဲ့... သူ့ပုံစံကို...
သားရိပ်မိမှာ..စိုးတာနဲ့...မဝင်ဖြစ်..။
္ဂ
ရှင်းနဲ့.. တွေ့ခဲ့တဲ့အကြောင်း..
ဘယ်သူ့ကိုမှ.. ပြောမပြချင်သေးပါ..။
အထူးသဖြင့်.. သားကိုပြောမပြချင်..။
ရီရှင်းဘက်က.. သဘောထားကို..
ပွင့်ပွင့်လင်းလင်း.. သိပြီးတော့မှပဲ..
သားနဲ့.. ဆုံဖို့စီစဉ်ပေးရမည်။
နောက်ပြီးတော့မှ... ဂျွန်မြောင်..အဖေ့ကိုပါ..
ပြောပြတော့မည်။
အိပ်ရာပေါ်.. ခြေပစ်လက်ပစ်လှဲချရင်း...
ရီရှင်း..နဲ့.. ဘယ်လိုထပ်တွေ့ရရင်ကောင်းမလဲ..
စဉ်းစားကြည့်မိသည်။
KAMU SEDANG MEMBACA
Love Me More.[Season Two]
Fiksi PenggemarSeason two of Who Loves More? (Unicode + Zawgyi ) SuHo×YiXing M preg, Rated M