အပိုင်း[၉]

9.9K 1.1K 89
                                    


Unicode....



Zawgyi.....


"ဂျွန်...သားကို.. ဒါလေး..ပေး..ပေးပါလား.."

"မရဘူး... ပေးချင်ရင်...ကိုယ်တိုင်ပေး.."

သားဆီတစ်ဆင့်ခံ..ပေးခိုင်းဖို့.. ဘူးတစ်ဘူးနဲ့အတူ
အနားကပ်လာတဲ့..ရီရှင်းကို.. ဂျွန်မြောင်..
ချက်ချင်းငြင်းပစ်လိုက်သည်။
ကိုယ်မွေးထားတဲ့သားကို.. ပြန်ပြီးလက်ဆောင်..မပေးရဲတာတော့သဘာဝမကျ။

"မင်းရဲ့သားလေ...ရှင်းရာ...
မင်းကြောင့်..သူ..လူဖြစ်ရတာ..
ဘာလို့.. မပေးချင်သလိုလို..မပေးရဲသလိုလို..
လုပ်နေတာလဲ.."

ဂျွန်မြောင့်စကားကြောင့်.. ရီရှင်းက..
သက်ပြင်းကို.. ခပ်လေးလေးချသည်။
ကိုင်ထားတဲ့..ဘူးအဖြူကို
ရီရှင်းကလက်နဲ့တယုတယပွတ်သပ်လိုက်သေးသည်။

"ကိုယ်က..သားငြင်းလိုက်မှာကြောက်တာ...
သားက.. ချွဲလို့ပဲဖြစ်ဖြစ်..မလိုချင်ဘူးလို့..
ပြောလိုက်မှာကြောက်နေတယ်..."

ရီရှင်းရဲ့..စိတ်ကို..ဂျွန်မြောင်နားလည်ပါသည်။
နားလည်ပေးနိုင်တဲ့အတိုင်းအဆကိုလိုက်ပြီး...
ရင်လည်းနာရသည်။
ဂျွန်မြောင်နဲ့သားအပေါ်ယုံကြည်မှုနည်းနေတဲ့ရီရှင်းက..
တခြားနေရာတွေမှာ..
ပြတ်သားသလောက်.. သူတို့သားအဖနဲ့..
ပတ်သတ်လာရင်...ဘာမဟုတ်တာလေးလည်း..
အတွေးများပြီး..စိုးရိမ်တတ်သည်။

"မငြင်းပါဘူးကွာ...
သားက.. မင်းကိုချစ်ပါတယ်...
အိမ်ကို.. ထမင်းလိုက်စားရင်းနဲ့ပေးလိုက်.."

ဒီတစ်ပတ်ပိတ်ရက်.. ရှင်းက..အိမ်မှာ..
ထမင်းလိုက်စားပါ့မယ်လို့..ကတိခံထားသည်။
အဖေနဲ့တရားဝင်မိတ်ဆက်တာမျိုးလေး..
လုပ်ချင်မိသည်။

"စနေနေ့ညနေ.. ငါးနာရီနော်..
ကိုယ်.. ရင်တုန်နေသလိုပဲ...
ဦးလေးဆူဝမ်ကို.. လန့်တယ်..."

"မင်းဆိုတာလည်း.. ငါနဲ့ပတ်သတ်ရင်..
အကုန်လန့်သိလား.."

"ဟ... ဒါကတော့.. ချစ်တာကိုကွ.."

"တကယ်လား"

ဂျွန်မြောင့်ရဲ့.. စပ်ဖြီးဖြီးလေသံနဲ့..
အပြောကြောင့်.. ရီရှင်းရဲ့အကြည့်တွေကလည်း..
ပြောင်းသွားသည်။
သားအတွက်ဆိုတဲ့.. ဘူးအဖြူကို..
လက်ထဲက.. ချပြီး..ဂျွန်မြောင့်ကို..
လာပွေ့တော့သည်။

Love Me More.[Season Two]Where stories live. Discover now