အပိုင်း[၄]

7.9K 1K 122
                                    


   Unicode....

ဟောင်ကောင်ရောက်ပြီး.. တစ်ပတ်အကြာမှာ..
ရီရှင်း..ဆံပင်ညှပ်ဖြစ်သည်။
ဂုတ်ထိဝဲကျနေတဲ့.. ဆံပင်တွေကို..ညှပ်ချပြီး..
ပုံသွင်းလိုက်သည်။
လူက.. အရင်ရုပ်နည်းနည်းပြန်ပေါ်လာသည်။
အသားအရည်တွေကတော့... အရင်လောက်တော့.. မကောင်းနိုင်တော့...။
လက်ဖဝါးတွေကလည်း... ကြမ်းရှလို့..။
ကျောနဲ့လက်ဖျံမှာ.. အမာရွတ်တွေကလည်း..
ထပ်နေသည်။

"လာစမ်း... ကျန်းရီရှင်း...ငါ့ညီလေး...
Spa သွားပြီး..မင်းကိုချေးချွတ်ပစ်ရမယ်..."

"တော်စမ်းကွာ... ဘာ spa လဲ..
ဆံပင်ညှပ်ပြီးပြီပဲ .. တော်ပြီ.."

ရီရှင်း.. မနိုင်တဲ့ အထဲမှာ..Kris လည်းပါသည်။
အငွေတထောင်းထောင်းထနေတဲ့ ရေနွေးနွေးထဲ.. စိမ်နေရပြန်သည်။

"ငါတို့.. ကိုရီးယားမှာ..ကျောင်းတက်ခဲ့တဲ့..
အချိန်ကို..သတိရတယ်..."

Kris စကားကြောင့်...ရီရှင်းပြုံးလိုက်မိသည်။

"မင်းက.. ဘာကိုသတိရတာလဲ.."

"မင်းရည်းစားကြောင့်..မင်းဆေးလိပ်ပြတ်တော့..
ငါ့ကိုလည်း.. ဆေးလိပ်ပြတ်အောင်...
မင်းအတင်းလုပ်တာလေ...
ဟား..ဟား....
အဲ့တုန်းက.. မင်းကို..ရည်းစားမွှန်နေတဲ့ကောင်လို့ပဲ..
ထင်ခဲ့တာ...
ခုများတော့..."

ရီရှင်း.. အားရပါးရကို..ရယ်မိသည်။
အမှတ်တရ..တချို့က.. ဖြစ်နေတုန်းကသာ..
ဘာမှ မဟုတ်ဘူးထင်ရတာ...
ပြန်ပြောတဲ့အချိန်မှ..ရယ်ရတတ်တာမျိုး...။
သူ့ရည်းစားက.. ကောင်လေးဖြစ်တဲ့အကြောင်း..
Kris ကလွဲရင်.. တခြားလူတွေကို..
မသိစေချင်ခဲ့တာတော့..ရီရှင်းမှတ်မိသည်။
Krisက.. အဲ့တုန်းတည်းကဘာမဆိုပြောပြလို့ရတဲ့...
သူငယ်ချင်းတစ်ယောက်ဖြစ်သည်။

"ငါလည်း.. မင်းလိုချစ်ကြည့်ဖူးချင်သား..
တစ်ယောက်တည်းကိုပဲ... ရူးရူးမူးမူး.. ဆိုတာမျိုး..ပေါ့.."

ရီရှင်း.. ရေကန်ဘေးက.. ဝိုင်ခွက်ကို..
လှမ်းယူပြီး..တစ်ငုံသောက်လိုက်သည်။
သူကတော့..
အချစ်ရဲ့အစွန်းနှစ်ဖက်ကိုခေါက်တုံ့ခေါက်ပြန်ကူးခဲ့ပြီမို့
အချစ်ကြောင့်ဖြစ်တဲ့..
အကျိုးနဲ့အပြစ်..ဆိုတာကို..နားလည်ခဲ့ပြီ..။
ယောက်ျားတစ်ယောက်ရဲ့..
မျက်တောင်စိပ်စိပ်လေးတွေကစလို့..
ခြေသည်းကြည်ကြည်လေးတွေထိ...
မြတ်မြတ်နိုးနိုးနမ်းရှိုက်လို့.. အောက်ကျပေးပြီးလည်း..ချစ်ခဲ့ပြီးပြီ။
ချစ်ခြင်းကပေးတဲ့..အားအင်တွေကို ..အရင်းပြုပြီး..လန်းဆန်းတက်ကြွဖူးသည်။
ချစ်သူသာဘေးနားမှာ.. နေပေးရင်..
အရာအားလုံးကို.. အပိုင်ရသလို..
စိတ်ကြီးဝင်ပြီး... မော်ကြွားဖူးသည်။
ခုတော့.. ဒါတွေအားလုံးက..ပြန်မရနိုင်တဲ့..
အတိတ်တစ်ခုလို... မှုန်ဝါးဝါး...။
ကြာလေလေ.. ခါးမှန်းသိလေလေ..
မမုန်းနိုင်လေ... နာကျင်ရလေလေ...ဖြစ်သည်။

Love Me More.[Season Two]Where stories live. Discover now