အပိုင်း[၂]

7.6K 958 107
                                    

  Unicode......

အိပ်တစ်ဝက်နိုးတစ်ဝက်အချိန်မှာ..
ကြားနေရတဲ့.. တအိအိ..အသံလေးကို..
ဂျွန်မြောင်..နားစိုက်ထောင်မိသည်။
အိမ်မက်ထဲမှာ..ကြားနေရသလား..။
အပြင်ကလား.. မဝေခွဲနိုင်..။
သားအသံလား..မသိနိုင်တာနဲ့..အာရုံကိုစုစည်းပြီး
လူးလဲထမိသည်။

သူ့ဘေးမှာ..အိပ်နေတဲ့
သားကအိမ်မက်ယောင်ပြီး..ငိုနေပြန်သည်။
ဒီလပိုင်းမှာ..သား..အိမ်မက်ဆိုးမက်တတ်တာ..
မဖြစ်သလောက်မို့..ဂျွန်မြောင်..
ပေါ့ဆနေမိတာ..နောင်တရသည်။
သားအပေါ်က.. ခြုံစောင်ကိုဆွဲဖယ်ပြီး..
သားကို..နှိုးရသည်။
သားက.. မျက်လုံးလေးမှိတ်လို့.. တအိအိငိုနေသည်။
ကိုယ်လုံးမှာလည်း..ချွေးတွေကရွဲလို့..
လက်သီးသေးသေးလေးကိုလည်း..ကျစ်နေအောင်..
ဆုပ်ထားသေးသည်။

သား..နိုးအောင်အရင်လုပ်ရသည်။
စိတ်ပူနေပေမယ့်...အသံကစလို့..မပြာအောင်...
သတိထားပြီးနိုးရသည်။
သားရှေ့မှာ.. အဖေက..စိုးရိမ်တကြီး..
ကြောက်လန့်တဲ့ပုံ ခဏခဏမပြဖို့..
ဆရာဝန်က..မှာထားသည်။
သား..နှိုးသွားတော့.. ငုတ်တုတ်ထထိုင်ပြီး..
ဂျွန်မြောင့် ပြူးတူးတူးငေးကြည့်သည်။
သားရဲ့ မျက်ရည်တွေကို.. ခပ်ဖွဖွသုတ်ပေးပြီး..
ပြုံးပြလိုက်သည်။
စားပွဲခုံပုလေးပေါ်က.. ရေကရားကိုယူပြီး..
တစ်ခွက်ငှဲ့ကာ.. သားကိုတိုက်ပေးဖို့..ပြင်ရသည်။

"သား.. ဘာမှ မဖြစ်ဘူးနော်..
ဖေဖေ..ရှိတယ်...ရေသောက်မယ်..ဟ.."

ဂျွန်မြောင့်အသံကြားမှ...
သားက.. အော်ငိုတော့သည်။

"ဖေ...ဖေ....
ဖေ့မှာ.... သွေး..... သွေးတွေ...
ဖေရေ....သား..ကြောက်..တယ်.."

ခွဲထားတဲ့ရင်ကို.. ဆားပက်ခံရတာ..ဒါမျိုးလားမသိ။
~ကျန်းရီရှင်းရေ.. လာကြည့်ဦးကွ..~လို့သာ..
အော်ဟစ်ပစ်လိုက်ချင်သည်။
သားက.. လက်သီးကိုဆုပ်.. အာခေါင်ကို..ခြစ်လို့..
အော်ငိုသည်။
သားရဲ့မေးဖျားတွေတုန်တက်ကာ...သွားချင်းရိုက်သံတွေတောင်ကြားရသည်။
အသက်ရှူသံပြင်းပြင်းနဲ့အတူ..နိမ့်လိုက်မြင့်လိုက်.. လှိုက်ဖိုနေတဲ့..သားရင်ဘတ်လေးကို.. အသာသပ်ရင်း..ဖြေလျှော့ပေးရသည်။

Love Me More.[Season Two]Where stories live. Discover now