အလင်းရောင်ဖြာကျနေတဲ့ ပန်းခင်းထဲ ရပ်နေတဲ့
လူသားနဲ့ ကလေးငယ် ...အပြာရောင် ကောင်းကင်ကြီးကို ဖုံးလွှမ်းနေတဲ့
တိမ်တိုက်တွေကြောင့် အဖြူ ရောင်ကောင်းကင်
သဏ္ဌာန် ...ကလေးငယ်ကို ချီလိုက်တဲ့ လူသားရဲ့ အနမ်းတွေ
ကြောင့် ချစ်စရာရယ်သံတွေဟာ ပန်းတွေဖူးပွင့်
နေတဲ့ လွင်ပြင်ကျယ်ကြီးထဲ ပဲ့တင်ထပ်ရင်း ...အရာအားလုံးဟာ အဖြူ ရောင်တွေကြီးပါလား ...
ထိုလူသားနဲ့ ကလေးငယ်ရော ဝတ်ဆင်ထားတဲ့
ဝတ်စုံကအစ ...သူလည်းပဲ အဖြူ ရောင်လေးနဲ့ ပါလား ...
အဆက်မပြတ်ကြားနေရတဲ့ ရယ်သံတွေဟာ
တဖြေးဖြေးနီးလို့ လာတယ် ...သူလည်းရပ်နေတယ် ... ထိုလူသားနဲ့ ကလေး
လည်း ရပ်နေပါရဲ့ နီးကပ်လာတယ် ...ရင်းနှီးနေတယ် ဒီအသံလေးတွေ ...
ရယ်သံတွေရဲ့ ဆွဲခေါ်ရာနောက် ရပ်နေတဲ့ နေရာ
ကနေ ပန်းခင်ထဲကို ဆင်းလျှောက်လာခဲ့တယ် ...နီးလာလေ လွမ်းရလေ ... နီးလာလေ နာကျင်ရ
လေ ...ဒီပုံရိပ်လေးတွေကို ရင်းနှီးလွန်းတယ် ...
သေဆုံးပြီးသားဘဝတွေမှာ မှတ်ဥာဏ်တွေ နာ
ကျင်စရာတွေ အလွမ်းတွေ ဖြစ်တည်မနေတော့
ပေမဲ့ ...အရာအားလုံးဟာ သူ့ ထံ ဖြစ်တည်နေသေး
တယ် ...ဟော ... ရင်ဘက်ထဲက တဒုန်းဒုန်းနဲ့ မြည်သံကို
တောင်ကြားနေရသေးတယ် ...ရင်ခုန်တယ်ဆိုတာမျိုးလား ... ထိတ်လန့် တယ်
ဆိုတာမျိုးလား ...ဟော ... မြင်နေရတဲ့အရာဟာ မျက်လုံးဆိုရင် ...
သူ့ ဆီက ထွက်လာတဲ့ အရည်တွေကရော ...တရိပ်ရိပ်နဲ့ ပြေးလွှားနေတဲ့ မှတ်ဥာဏ်တွေလား
... ထိုလူသား ငိုနေတယ် ... နာကျင်နေတယ် ...
ကလေးလေးကို ချီလို့ ထွက်သွားပြန်တယ် ...ဒီဝင်္ကဘာ ထဲကို အမြဲပြန်ရောက်ပြီး မလွတ်
မြောက်နိုင်ခဲ့တာ သူ့ အရှေ့ မှာ ရပ်နေတဲ့ ထိုလူ
နဲ့ ကလေးငယ်ကို တွေ့ ရဖို့ လား ...သူ့ အသံတွေကို ကြားနေရတယ် ... ရယ်သံနဲ့ 
ထပ်တူကျနေတဲ့ အသံ ...